Invisible - 4

1K 162 14
                                    


အခန်းထဲကထွက်​လာပြီး​တဲ့​နောက်​ ပိတ်​သွားတဲ့တံခါးကိုမှီရင်း တက်​နိုင်​သ​လောက်​ထိန်းထားခဲ့မိတဲ့မျက်​ရည်​​တွေကို လွတ်​လွတ်​လပ်​လပ်​စီးကျခွင့်​​ပေးလိုက်​မိသည်​။

ကျွန်​​တော်​...Hyungနဲ့ပတ်​သက်​ရင်​မျက်​ရည်​လွယ်​တက်​​နေပြီထင်​တယ်​...။

"Jungkook..., သား...ဘာဖြစ်​တာလည်း..."

ဘယ်​အချိန်​အနား​ရောက်​လာမှန်းမသိလိုက်​တဲ့​ဒေါ်​လေးရဲ့အသံ​ကြောင့်​ ပါးပြင်​​ပေါ်ကမျက်​ရည်​စ​တွေကိုလက်​ဖမိုးနဲ့အမြန်​သုတ်​လိုက်​ရင်း...

"ဘာမှမဖြစ်​ပါဘူး..."
"ကျွန်​​တော်​ အခန်းပြန်​​တော့မယ်​...​ဒေါ်​လေး"

ဒေါ်​လေးမျက်​နှာ​တောင်​​မော့မကြည့်​မိပါဘဲ အခန်းထဲ​ပြေးဝင်​သွားမိသည်​။

နာကျင်​နေရတဲ့ခံစားချက်​​တွေထဲ...ရင်​ခုန်​သံ​ကိုလျစ်​လှူရှုခံရခြင်း​တွေပါဝင်​​နေတက်​တယ်​...Hyung။




*************




ဒေါ်​လေး​အခေါ်လွှတ်​လိုက်​တာ​ကြောင့်​ အိမ်​​အောက်​ထပ်​ဆင်းလာခဲ့​တော့...​အိမ်​​အောက်​​ရောက်​တဲ့အချိန်​ဒေါ်​လေးကညစာစားဖို့ပြင်​ဆင်​​ပေး​နေလို့...။ ဟုတ်​သား...အခန်းပြန်​​ရောက်​ကတည်းကခရီးပန်းလာတဲ့အရှိန်​နဲ့အိပ်​​ပျော်​သွားခဲ့တာ အခုမိုး​တောင်​ချုပ်​​လို့​နေပြီ...။

"Jungkook..."

စား​နေရင်းနဲ့​ဒေါ်​လေးကိုလှမ်းကြည့်​လိုက်​​တော့ ကျွန်​​တော့်​ကိုတခုခု​ပြောချင်​​နေတဲ့ပုံစံမျိုးဖြစ်​​နေတာ​ကြောင့်​...

"​ပြောစရာရှိလို့လား...​ဒေါ်​လေး"

"​ဒေါ်​လေးမနက်​ဖြန်​UKကိုသွား​တော့မယ်​"

ပါးစပ်​ထဲလှမ်းလက်​စဇွန်းက​လေထုထဲမှာတင်​ရပ်​တန့်​သွားရင်း ​မျက်​နှာချင်းဆိုင်​မှာရှိ​နေတဲ့​ဒေါ်​လေးကိုသာကြည့်​​နေခဲ့မိသည်​။

"ချက်​ချင်းကြီး..."

"အစက​​ နောက်​တပတ်​မှသွားမလို့စီစဉ်​ထားပေမယ့်​...အခုသားလည်း​ရှိ​နေ​တော့ ​စော​စောသွားဖို့စီစဉ်​လိုက်​တာ..."
"ပြီး​တော့...."

Invisible || YoonKookWhere stories live. Discover now