Part-14

492 40 6
                                    

❤Love Like Poison❤

             Part-14

"အား......​ခြေ​ထောက်​က နာလိုက်​တာ......"

"အဲ့​​တော့ ​သေ​လေ...."

"အဲ့​လောက်​​တောင်​ ​မေတ္တာရှိရလား....."

"ဒီထက်​​တောင်​ ရှိ​သေးတယ်​....."

"မင်း​နော်​...မင်းကို ငါကူညီထားလို့ ငါဒီဒဏ်​ရာရထားတာ​နော်​....."

"အမ​လေး....အပို​တွေ သိပ်​မ​ပြောပါနဲ့.....ဘယ်​သူက ဝင်​ပြီး ကယ်​ခိုင်းလို့လဲ.....သူ့ဘာသာ မ​နေနိုင်​မထိုင်​နိုင်​ဖြစ်​ပြီး ကယ်​တာများ....စကားလုပ်​​ပြော​နေ​သေးတယ်​...."

"ဟ....ဘာပဲဖြစ်​ဖြစ်​ မင်းကို ငါကယ်​တာက ကယ်​တာပဲ​လေ....​ကျေးဇူးရှင်​ကို မ​စော်​ကားနဲ့......"

"ဪ ​ဟော်​.....ဟုတ်​ပါပြီ ​ကျေးဇူးရှင်​ကြီးရယ်​......ကျ​နော့်​ကို ခွင့်​လွှတ်​​ပေးပါဗျာ.....မသိရင်​ခက်​မယ်​....အလကား....ကားနဲ့မတိုက်​မိပဲ သူ့ဘာသာ​ ​ခြေ​ခေါက်​လဲတာများ.....သူများ​ကြောင့်​ဖြစ်​ရ​သေးတယ်​...အသုံးမကျရင်​ မကျဘူး​ပေါ့.....စွတ်​အမွှန်းက တင်​ချင်​​သေးတယ်​....."

"တိတ်​စမ်း....အပို​တွေ​ပြောမ​နေနဲ့ နားငြီးတယ်​....ငြိမ်​ငြိမ်​​နေ...."

"အမ​လေး....မ​နေနိုင်​ပါဘူး....​နေခိုင်းတိုင်း​ ​နေစရာလား....ကိုယ့်​ပါးစပ်​နဲ့ကိုယ်​ ​ပြောချင်​​ပြောမယ်​....မ​ပြောချင်​မ​ပြောဘူး...ခင်​ဗျားအပူ​ပါလား...."

"ဟွန်း.....အဲ့ ပါးစပ်​​တော့ ငါနဲ့ ​တွေ့​တော့မယ်​....."

(ဆွဲမွပလိုက်​ရ.....မ​ကောင်းရှိ​တော့မယ်​.....)

"ဒီက​ရော ငြိမ်​ခံ​နေမယ်​ ထင်​လို့လား....."

အဲ့အချိန်​မှာပဲ သူနာပြုဆရာမ ဝင်​လာပြီး........

"အမ​လေး....ဘယ်​လို​တွေ ဖြစ်​​နေကြတာလဲရှင်​....က​လေး​တွေလည်း မဟုတ်​ကြဘဲနဲ့......ဘယ့်​နှယ့်​ လူနာကလည်း လူနာလိုမ​နေဘူး.....စကားနိုင်​လု​နေတယ်​....လူနာ​စောင့်​ကလည်း ဘယ်​လို​တွေ​တောင်​ ကက်​ကက်​လန်​ ရန်​ဖြစ်​​နေတာတုန်း......အံသြပါရဲ့.....ဒီလို လူနာနဲ့ လူနာ​စောင့်​မျိုး....တခါမှ မ​တွေ့ဖူး​သေးဘူး......."

❤Love Like Poison❤Where stories live. Discover now