Part-3

4.4K 342 7
                                    

Unicode

Jeon Jungkookတစ်ယောက် နီးကပ်သွားသော ခန္ဓာကိုယ်နှစ်ခုကြောင့် ဘာမှပင် မလှုပ်နိုင်ဘဲ ကျောက်ရုပ်တစ်ရုပ်လိုပင် ထိုနေရာ၌ ရပ်တန့်နေမိသည်။ လူလည်း အယောင်ယောင်အမှားမှားနှင့် သူ့အား ပြန်ကြည့်မိလိုက်စဉ် အလိုက်ကန်းဆိုးမသိသော ဘယ်ဘက်ရင်အုံအောက်က နှလုံးသားတစ်စုံက ခုန်ပေါက်နေလေသည်။ သင်းက ခုန်ပေါက်ရုံတင် အားမရလို့ ဒုတ် ဒုတ် ဒုတ် နှင့် အသံတောင်ပေးလိုက်သေးသည်။ သူနဲ့ ကိုယ်မှာ နီးကပ်နေသော အနေအထားကြောင့် ကိုယ်ရင်တွေခုန်နေတာကို သူများ ကြားသွားမလားဆိုပြီး တွေးရုံနဲ့တင် မျက်နှာက ပူထူလာသည်ကို ခံစားလိုက်ရသည်။

Kim Taehyungတစ်ယောက် သူ့ရှေ့တွင် ရပ်နေသော ကောင်လေးကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်။ ထိုကောင်လေးရဲ့မျက်နှာမှာ ပေါက်ထွက်မတတ် နီရဲနေလေသည်။ မျက်နှာတင်မဟုတ်ဘဲ နားရွက်ဖျားလေးတွေကအစ နီရဲနေသည်မှာ သူ့အတွက် တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းနေပြန်သည်။ ဒီကောင်လေးကို တွေ့တိုင်း စနောက်ချင်နေမိသည်။ အခုလည်း စချင်လာတာမို့ ခုံပေါ်ကနေ ထရပ်လိုက်မိပါတယ်။ မျက်နှာချင်းဆိုင် နီးကပ်သွားတော့ ရင်ထဲတလှပ်လှပ်။

သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေသည်မှာ ဘယ်လောက်ကြာနေပြီလဲဆိုတာ သူတို့ကိုယ် သူတို့မသိ။ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိ။

Jiwon:: အဟမ်း အဟမ်း

Jiwonက ချောင်းဟန့်လိုက်မှပဲ ကမ္ဘာပတ်နေတဲ့ စိတ်တွေ ကိုယ်ခန္ဓာတွေနဲ့ ပြန်ကပ်လေတော့သည်။

Taehyungကတော့ ဘာမှ မဖြစ်သလို အကြည့်တွေလွှဲကာ ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ရင်း

Tae:: ချာတိတ်က ဘာကို သိချင်တာလဲ

Jungkookတစ်ယောက် ရှက်ရှက်ဖြင့် ခေါင်းကို ငုံ့ထားပြီး လည်ပင်းကိုသာ ကုတ်ကာ

Kook:: ဟို…ဟို…ကျွန်တော်တို့က လမ်း…လမ်းကို ဘယ်…ဘယ်လို လျှောက်…လျှောက်ရမလဲဆိုတာ မ…မသိဘူး အဲ့…အဲ့ဒါ

Jungkook ရင်တွေခုန်လွန်းပြီး စကားတွေတောင် ထစ်ကုန်သည်။

Kook's pov:: ဒီပါးစပ်ကလည်း ဘာကြောင့် ထစ်နေရတာလဲ

Attention  { Completed }Where stories live. Discover now