Thanks for ur Kindness

5K 448 44
                                    

အန်​နာဆိုတဲ့ ဇာတ်​​ကောင်​လေးကို လိန်း ဘာလို့လက်​​ဆောင်​​ပေးသလဲဆိုတာ​လေးလဲ အမှတ်​တရအ​နေနဲ့ ​ပြောပြပါရ​စေ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အန်​နာဆိုတဲ့ ဇာတ်​​ကောင်​လေးကို လိန်း ဘာလို့လက်​​ဆောင်​​ပေးသလဲဆိုတာ​လေးလဲ အမှတ်​တရအ​နေနဲ့ ​ပြောပြပါရ​စေ ။

ဇာတ်​လမ်း​လေးအ​နေနဲ့ဆို အန်​နာဟာ သူ့မရဲ့ အင်​တာဗျူးမှာ ​ကောင်း​ကောင်း​ဖြေနိုင်​ဖို့အတွက်​ပြင်​ဆင်​​နေတယ်​ ။ စကားလုံး​တွေမထွက်​လာတဲ့အခါမှ ကရင်းနဲ့သူမ စကားလုံး​တွေစီတယ်​ ။ ဒီအချိန်​မှာ လဘ္ဘက်​ရည်​အနံ့သင်းသင်း​လေး​မွှေးပျံ့လို့​ပေါ့ ။

အဓိကအချက်​ (3)ချက်​ ။

(1) မျက်​စိတစ်​ဖက်​ကန်း​နေတဲ့ ဘဲ​လေးက​ချေသည်

(2) ခန္ဓာကိုယ်​တစ်​ခုနဲ့ ကကွက်​နှစ်​မျိုး တချိန်​ထဲကနိုင်​တဲ့ ဘဲ​လေးက​ချေသည်​ ။

(3) လမ်းမ​တွေ​ပေါ်မှာထွက်​ကတဲ့ ​လေလွင့်​ဘဲ​လေးက​ချေသည်​ ။

အန်​နာဟာ စိတ်​ကူးယဉ်​ဆန်​ဆန်​ လိန်း ဖန်​တီးတဲ့ ​ဘောင်​​တွေကို​ကျော်​လွန်​​နေတဲ့ ဘဲ​လေးက​ချေသည်​မ​လေး တစ်​​ဦးပါ ။ လက်​​တွေ့​လောကနဲ့ ဘယ်​လိုမှဆက်​စပ်​မှု့မရှိနိုင်​တဲ့ အချက်​ (3) ချက်​လုံးကို လက်​​တွေ့​လောကထဲ အတင်းဆွဲ​ခေါ်ယူပြီး လိန်း ဖန်​တီးခဲ့ပါတယ်​ ။

နံပါတ်​(1) အချက်​အရ အန်​နာဟာ​မွေးရာပါ ချို့တဲ့သူတစ်​​ယောက်​ပါ ။ လိန်းဟာ ကမ္ဘာ​ပေါ်မှာ ဘုရားသခင်​က တစ်​စုံတစ်​ခုသိမ်းဆည်းလိုက်​လို့ သူများနဲ့မတူပဲ ​မွေးဖွားလာရတဲ့ သူတစ်​ဦးတစ်​​ယောက်​ခြင်းဆီဟာ ဇာတ်​လိုက်​တစ်​ဦးဖြစ်​လာနိုင်​​ကြောင်း အားအင်​​ဖြစ်​​စေလိုတဲ့အတွက်​​ကြောင့်​ မျက်​စိတစ်​ဖက်​ကန်းတဲ့ ဘဲ​လေးက​ချေသည်​မ​လေး အန်​နာဖြစ်​လာတာပါ ။ လိန်းရဲ့ စာဖတ်​သူ​လေး​တွေအနီးအနားမှာ ဒီလိုသူငယ်​ချင်း​တွေရှိရင်​ လိန်းရဲ့ အန်​နာ ဇာတ်​​ကောင်​​လေးအ​ကြောင်း​ပြောပြပြီး အား​ပေးနိုင်​ကြပါ​စေ ။

Stray Ballerina AnnaWhere stories live. Discover now