~2

401 68 3
                                        

"ချစ်လွန်းလို့ အလိုလိုက်ခဲ့တာနော်"
"ကိုကို့ စိတ်အတိုင်းသာဆို မောင့်ကို Idolတစ်ယောက် ဖြစ်ခွင့်ပေးခဲ့မှာမဟုတ်ဘူး"

"အချစ်ရယ် မောင် သိပါတယ်"

စကားလုံး လှလှများနှင့် အနမ်း တစ်ခု အား ခြွေကာ သူထွက်သွား ခဲ့သည်

"Chenရဲ့ Managerကို လာတွေ့ဖို့ပြောပေးပါ"

ကိုယ့် အလုပ်စားပွဲ တွင် နှစ်ယောက်ပုံလေး တင်ထား ချင်သော်ငြား သူနဲ့ကိုယ်ရဲ့ အကြောင်းက အတွင်း လူ က လွဲရင် ဘယ်သူမှ သိသည့် ကိစ္စ မဟုတ် လေတော့ တင်ထားလို့မဖြစ်ပြန်
ဖုန်းထဲက နှစ်ယောက် ပုံလေး အား ကြည့် ကာ ဝမ်းနည်း လာမိသည် အရင်လို ကြည်နူး စရာကောင်းတဲ့အချိန်လေး တွေပြန်လိုချင်သည်
ဘယ်လောက်ပဲ ချစ်ပါတယ်ပြောနေပါစေ
ဘယ်လောက်ပဲ ယုယနေပါစေ
မောင်သည် အရင်က မောင်မဟုတ်တော့ အရမ်းပြောင်းလဲသွားခဲ့သည်
ချစ်သူ ပါဟု ဆိုသော်လည်း အရမ်း ဝေးကွာနေသလို ခံစားနေရသည်

"ဆရာ…"

"Chenရော…"

"အက ကျင့်နေပါတယ်ဆရာ"

"သူ့ကို ညဘက် Club မသွားစေနဲ့တော့"
"ခြေ လှမ်းပျက်တာ တွေ့တာနဲ့ ဖုန်းဆက်ပေးပါ"
"သူ့အနား မှာ အမြဲ ရှိနေပေးပါ"

"စိတ်ချပါ…"

"ဒါဆို မင်းသွားတော့ တစ်ယောက်ထဲ ထားခဲ့ရတာမလား"

Manager ကိုလည်း ကိုယ်က Bossဆိုပြီး အာဏာ မသုံးရဲ
သူ့အတွက် စိတ်ချရတဲ့ သူ အနားမှာထားဖို့လိုအပ်သည်

မောင့်အပေါ် မယုံလို့ မဟုတ်ပါဘူး
စိတ်မချ ရဲ လို့ပါ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာမှာ မလိုလားလို့ပါ

အရာရာတိုင်းက မောင့် ကို ချစ်လို့ပါ…

"ဆရာ …"

အခန်းထဲရေးကြီးသုတ်ပြာ ပြေးဝင်လာသည့် အတွင်းရေးမှူးကြောင့် ရင်ထဲ ဒိန်းခနဲ လန့်တက်သွားသည်

"ဘာဖြစ်လို့လဲ"

"Chen… Chen သောင်းကျန်းနေလို့ ဆရာ"

"ဘာ…"

သူရှိမဲ့နေရာ ဆီ ပြေးထွက် လာခဲ့မိသည် ဝန်ထမ်းတွေ ဝိုင်းကြည့်နေမလား ဂရုမစိုက်နိုင်ဘူး သူ့ဆီရောက်ဖို့က ပို အရေးကြီးသည်

Mysterious~Место, где живут истории. Откройте их для себя