၂. ကံတရား၏ လှည့်စားမှု
1.6K 194 29
မတူညီတဲ့ဘဝမှာ တူညီတဲ့လူ​တွေနဲ့ ပြန်​ဆုံစည်းရတာ ဘုရားသခင်​၏ ​နောက်​​ပြောင်​ကျီစယ်​မှု တစ်​ခုသာ ဖြစ်​မည်​ဟု သူမ ထင်​မိသည်​။ မတူညီတဲ့ အ​ခြေအ​နေ​တွေကြားမှာ သူမ ဘယ်​လိုဆက်​ပြီး ရှင်​သန်​ရမလဲဆိုတာက​တော့ ...
***************
အဆုတ်ထဲ အလုအယက် တိုးဝင်လာသည့် ရေတွေကြောင့်​ အလိုအ​လျောက်​တုန့်​ပြန်​ပြီး ရှောင်ဆစ် အားကုန်သုံး၍ ရုန်းကန်မိသည်။
မျက်​လုံး​တွေက ကျိန်းစပ်​ပြီး ဖွင့်​လို့မရသလို နား​တွေလည်း အူ​နေသည်​။ မွန်းကြပ်​လွန်းလာလို့ အသက်​တစ်​ခါ ရှုလိုက်​မိတိုင်း နှာ​ခေါင်းမှတဆင့်​ ​ရေ​တွေ အလုံးအရင်းနှင့်​ ဝင်​​ရောက်​လာတာမို့ အသက်​​အောင့်​ထားလိုက်​ရပြီး ရင်​ဘတ်​တစ်​ခုလုံး ပွင့်​ထွက်​​တော့မတတ်​ တင်းကြပ်​လာ၏။
ရှောင်​ဆစ်​ သူမ တကယ်​ ​သေဆုံး​တော့မည်​ဟု ထင်​လိုက်​မိသည့်​ အချိန်​မှာ သူမ ကိုယ်​ကို တစ်​စုံတစ်​​ယောက်​က ​ပွေ့ချီ​ခေါ်သွားတာ ခံစားမိလိုက်​သည်​။
" မင်း ရူး​နေလား ?. ဟမ်​ !. တကယ်​ ​သေချင်​​နေတာလား ? "
အပြစ်​တင်​ဆူပူကြိမ်း​မောင်းသံနှင့်​ အတူ သူမ ရင်​ဘတ်​ကို ဖိပြီး ​ရေ​တွေ ပြန်​အန်​ထွက်​လာ​အောင်​ လုပ်​​ပေး​နေသည့်​ သူကို သူမ ​သေချာမမြင်​ရ။ မျက်​ဝန်း​တွေ ဖွင့်​ထား​ပေမယ့်​ အမြင်​အာရုံမှာ ဗလာကျင်း​နေလျက်​ ကျိန်း​စပ်​​နေသည့်​ မျက်​လုံး​တွေကို ပြန်​၍ ဖိမှိတ်​ပစ်​လိုက်​ရသည်​။ 
ရေ​တွေကို ပြန်​အန်​ချလိုက်​မှ ​နေရတာ အနည်းငယ်​ အဆင်​​ပြေသွားသည်​။ မျက်​လုံး​တွေကို ဖွင့်​ကြည့်​လိုက်​​တော့ ခုထိ မကြည်​လင်​​သေး​ပေမယ့်​ ဝိုးတိုးဝါးတား ပုံရိပ်​တစ်​ခုကို မြင်​ရ၏။
ကြာကြာကြည့်​ဖို့ အဆင်​မ​ပြေလို့ မျက်​ဝန်းတို့ကို ပြန်​မှိတ်​လိုက်​​တော့ သူ့ထံမှ အလိုမကျ​သော စုတ်​သပ်​သံတစ်​ချက်​ ထွက်​လာပြီး ဆတ်​ခနဲ ပြန်​​ပွေ့ချီလိုက်​တာကို သိလိုက်​ရသည်​။
You've reached the end of published parts.
⏰ Last updated: Jul 17, 2021 ⏰
Add this story to your Library to get notified about new parts!