Ch. 006

3.4K 346 1
                                    

(Unicode)


သူမ readymadeတွေဖြင့် ဖြစ်သလို စားနေတာကို သိပြီးနောက် သူမအတွက် အလုပ်မသွားခင်တိုင်း တတ်သလောက် ဟင်းတွေ ချက်ကာ ပြင်ဆင်ပေးခဲ့သည်မှာ တစ်ပါတ်ရှိပြီ ဖြစ်သည်။ ယခု ယွန်းဂီ အလုပ်အားသည့်နေ့တွင် ဟာယွန်း စိတ်လက်ပေါ့ပါးစေရန် ရှုခင်းကောင်းကောင်းဖြင့် အစားအသောက်ကောင်းသည်ဟု နာမည်ကြီးသော Aurora Hotelတွင် ဟာယွန်း နှင့် သူ့အတွက် သီးသန့်စားသောက်ပွဲလေးတစ်ခု စီစဉ်ပေးထားသည်။ သူကိုယ်တိုင်လည်း သူမအား ပြောစရာတွေ အများကြီး ရှိနေသည်လေ...။


"ကိုယ် မင်းကို ပြောစရာ ရှိတယ် ဟာယွန်း..."


တစ်ခါမှ သူမအပေါ် 'ကိုယ်' ဟု သုံးနှုန်းမပြောခဲ့ဖူး၍ အံသြရိပ်အပြည့်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်။


"ကိုယ်...မင်းကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးမယ် ဆုံးဖြတ်ထားတယ်"


သူမ မျက်နှာပေါ်တွင် ရိပ်ခနဲ ဖြတ်ပြေးသွားသည့် နာကျင်မှုတစ်ချို့ကို ယွန်းဂီ နားမလည်နိုင်ခဲ့...။ သူ့ရဲ့ ယုယကြင်နာမှုတွေကို အမြဲတောင့်တနေခဲ့သည့် ဟာယွန်းက ဒီလိုအနေအထားမျိုးမှာ ပျော်သွားတာ၊ မင်သက်သွားတာမျိုးပဲ ဖြစ်လာမယ်လို့ တွက်ထားခဲ့တာ။ သူစကားပြောများ မှားသွားလို့လား...။


"မလိုပါဘူး"


ကြားရတယ်ဆိုရုံ တိုးတိုးမျှင်မျှင်လေးထွက်လာသော သူမ၏ အသံလေး...။ ဟာယွန်း ဘာတွေအတွေးနယ်လွန်နေမှန်း ယွန်းဂီ မသိတော့။


"ဘာလို့လဲ? ဒုက္ခိတ ဖြစ်သွားလို့ဆိုပြီး သနားလို့လား... အဟက်"


ယွန်းဂီ ကွင်းကွင်းကွက်ကွက်ကြီးကို သဘောပေါက်သွားခဲ့ပြီ။ သူမရဲ့ ရှောင်ဖယ်မှုတွေ၊ ဥပေက္ခာပြုမှုတွေရဲ့ အရင်းအမြစ်ကို တွေ့လိုက်ရပြီလေ။


"အဲ့လို သဘောမျိုး ပြောတာမှ မဟုတ်တာ...။ ကိုယ်ပြောချင်တာ အခုအချိန်ကစပြီး မင်းခြေထောက် ပုံမှန်အတိုင်း ပြန်ကောင်းဖို့ကအစ အတူတူကြိုးစားချင်တယ်လို့.. ကိုယ့်ရဲ့ လစ်လပ်ခဲ့မှုတွေအတွက် ပြန်ပေးဆပ်ချင်တာ"

"မလိုဘူးလို့ ပြောနေတယ်လေ"


ဒီတစ်ခါ တိတ်ဆိတ်သွားရသူက ယွန်းဂီပင်။ ဘာတွေ အဲ့လောက်ပြတ်သားကုန်တာလဲ။ ပတ်ဂျီမင်ကြောင့်လား..


"ရှင် နဲ့ ဟယ်ဂျူ အဆင်ပြေဖို့ပါ...။ အစထဲက ရှင်လည်း ကျွန်မကို ချစ်မှမချစ်ခဲ့ပဲ... ကျွန်မရဲ့ ကျန်းမာရေးအနေအထားကြောင့် အတင်းကြီး ဂရုစိုက်ပေးဖို့တွေ ဘာတွေလည်း မလိုပါဘူး။ ခုလိုပုံစံနဲ့လည်း အတ္တမကြီးချင်တော့ပါဘူး။ ရှင် အမြဲဖြစ်စေချင်ခဲ့သလို ကျွန်မပဲ နောက်ဆုတ်ပေးပါ့မယ် ယွန်းဂီ... ရှင်သာ ဆန္ဒရှိမယ်ဆို ကွာဆိုလည်း ကွာပေးမယ်ဆိုတဲ့အထိ ကျွန်မ စဉ်းစားထားပါတယ်"


ဘယ်လောက်ကြာသည်အထိ ယွန်းဂီ ဆွံ့အနေမိတယ်မသိ... အထိတ်တလန့်ကြည့်နေတဲ့ သူမရဲ့ မျက်လုံးတွေကို တွေ့မှပဲ သူ တောက်ခေါက်ကာ စားပွဲကို လက်သီးဖြင့် ခပ်ကြမ်းကြမ်းထုမိသည်ကို သတိထားမိသွားသည်။ အကုန်အလဲလဲအပြိုပြိုပါပဲ သူမနဲ့ ငြိမ်းချမ်းရေးယူဖို့ ဒီညစာစားပွဲကို စီစဉ်ကာမှပဲ ချိန်ကိုက်ဗုံးဖောက်ခံရသလို ဖြစ်နေသည်။


"အဲ့လို ပုံစံပဲနေပါ။ နူးညံ့ဖို့ ကြိုးစားနေတဲ့ပုံစံက ရှင်နဲ့ မလိုက်ဘူး.."

Only Then  ✔Donde viven las historias. Descúbrelo ahora