Ch. 021

2K 234 16
                                    

(Unicode)


ရုံးဆင်းချိန်ကျော်လွန်သည်အထိ မပြန်နိုင်သေး ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် သူလျှောက်နေမိသည်။ မှန်လား၊ မှားလား ဝေခွဲမရသည့်စိတ်တို့က ရင်ထဲတွင် ပြည့်ရုံမက လျှံတက်နေကာ ယွန်းဂီ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မဆုံး ဖြစ်မိနေသည်။ သူ ဘာလို့ မင်ဟယ်ဂျူ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့မိတာလဲ...။

ဟာယွန်းကို ထားခဲ့ပြီး သူမအနားပြန်လာပေးရန်ဟူသည့် အကြောင်းပြချက်ကို မဖြစ်နိုင်မှန်း သိသိရက်နှင့်ပင် ခေါင်းညိမ့်မိခဲ့တာ သူ ရူးနှမ်းနေခဲ့ခြင်းပင်။ ပတ်ဂျီမင်ကို အပြတ်ရှင်းရန်ဟူသည်မှာ ရက်စက်လွန်းရာများကျနေမလား... ထိုအတိုင်းသာ အကုန်ဖြစ်လာခဲ့ရင် ဟာယွန်း၏ ဝမ်းနည်းပူဆွေးမှုကို ဖြေသိမ့်နိုင်ဖို့ ဝေးစွ... ဟယ်ဂျူ့အနားတွင်သာ သူအမြဲရှိပေးနေရတော့မည်။ သူ ကိုယ်တိုင်လည်း ကြံရာပါအဖြစ် တစ်သက်လုံးအေးချမ်းစွာ နေရရန် လမ်းမရှိတော့။ မိမိကိုယ်တိုင်လည်း ပိုင်ဆိုင်ရခြင်းမရရှိပါဘဲ ချစ်ခြင်းတစ်ခုကို ဤကဲ့သို့ နည်းလမ်းဖြင့် အနိုင်ပိုင်းရသည်မှာ ဖြစ်သင့်ပါရဲ့လား...။


"အတွင်းရေးမှူးလီ ရုံးခန်းထဲ ခဏလောက် ဝင်ခဲ့ပေးပါ"


ယွန်းဂီ ယုံကြည်စိတ်ချရသည့် တစ်ဦးတည်းသောသူ။ သူ့ဖခင်လက်ထက်ကတည်းက အစဉ်အဆက် အမှုထမ်းလာခဲ့သော မိသားစုသဖွယ် ရင်းနှီးနေသည့် သစ္စာရှိဝန်ထမ်းတစ်ယောက်ဟုဆိုလျှင်လည်း မှားမည်မထင်။ ယခုအခါတော့ ဆုံးဖြတ်ချက်ကို တိုင်ပင်ဖို့ဆိုသည့်အရာထက် လက်လွဲှသင့်သည်တို့ကို လွဲှဖို့အတွက် ခေါ်ခြင်းဆို ပိုမှန်မည်။ ယွန်းဂီ ဟယ်ဂျူ၏ကမ်းလမ်းချက်ကို အခုအချိန်မှ ပယ်ဖျက်ရင်လည်း နောက်ပစ်မှတ်က ပတ်ဂျီမင်မဟုတ်ဘဲ သူဖြစ်သွားဖို့ရန်သာ ရှိတော့သည်။


"ဒီဖိုင်တွေထဲမှာ ဓာတ်ပုံတွေ ရှိတယ်...။ ပြီးတော့ ဒီmemory stick... အဲ့အထဲမှာ ဂျောင်ဟိုဆော့ရော၊ ဟယ်ဂျူနဲ့ ပြောထားတဲ့ recording fileတွေ ထည့်ထားတယ်... သူတို့ရဲ့ ငွေစာရင်း အရှုပ်အရှင်းတွေရော..."

"အဲ့ဒါတွေကို ဘာလုပ်ပေးရမလဲ သူဌေးမင်"

"ကျွန်တော့အစား သိမ်းထားပေးပါ... အဲ့ဒါ သက်သေတွေပဲ"

Only Then  ✔Donde viven las historias. Descúbrelo ahora