"ကျောင်းသားလေး ပင်လယ်ထဲဆင်းတော့မလို့လား ''
"ဟုတ်တယ် Arjimani "
ပင်လယ်ထဲဆင်းတဲ့ဝတ်စုံကို ဝတ်ကာ အောက်ဆီဂျင်ပိုက်ကို ပါးစပ်ထဲထည့်ပြီး ရေထဲခုန်ဆင်းသွားတဲ့
Kyung Soo....
ပင်လယ်ထဲမှာ ဟိုဟိုဒီဒီလိုက်ရှာကာ ဝမ်းစာအတွက် ဘဝကို ကျောင်းနေရတဲ့ Kyung Soo....ရေငုပ်တာပင် နာရီဝက်ကြာတဲ့အထိ ငါးမရသေးတာကြောင့် ရေပေါ်ပြန်တက်ကာ ခနနားလိုက်သည်....၁၅မိနစ်လောက်နားပြီး ပြန်ဆင်းကာ ရှာတော့ လက်ထဲမှာ အပြည့်ရလာသည့် ရိက္ခာတချို....
"လက်ထဲ အပြည့်ပဲ ကျောင်းသားလေး "
"ကျွန်တော်က Do Kyung Soo လေ... "
ဈေးထဲက Arjima တချို့ကို ငါး..ခရု ဂုံးတွေ ပြန်ဆရာင်းပြီး ကျန်တဲ့ တချို့ကို သူ့ဝမ်းစာအတွက် အိမ်ကို ပြန်သယ်ခဲ့လိုက်သည်...
အဖေအမေ မရှိတော့သည့် Kyung Soo က ၁၅နှစ်သားအရွယ်တည်းက ရွာမှာ တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုးကာ ကျောင်းစရိတ်ကို ရအောင်ရှာခဲ့သည်...Kyung Soo နေတဲ့ရွာက ပင်လယ်နားမှာမို့ ငါးဖမ်းကာ ဘဝကျောင်းရသည်..
အမြဲတမ်းပျော်ပျော်ရွင်ရွင်နေတတ်တာမို့ သူ့ကို တရွာလုံးက ချစ်ကြသည်....အခု ပါလာတဲ့ပင်လယ်စာအချို့ကိုစက်ဘီးနောက်ထိုင်ခုံမှာ ချိတ်ပြီး အိမ်ကိုပြန်တဲ့လမ်းတစ်လျှောက် လေတချွန်ချွန်နှင့်......
အိမ်ရောက်တော့ သူ့ကို အိမ်မှာစောင့်နေသည့် ကောင်လေးက သူ့အနားပြေးလာတော့ ဒူးထောက်ကာ ဆီးကြိုဖက်လိုက်သည်...
"ဟေ့ကောင်ကြီး ဗိုက်ဆာနေပီလား "
ရင်ခွင်ထဲက ခွေးအညိုရောင်ကြီး jack ကို ခေါင်းပုတ်ရင်းပြောတော့ Jack က ရင်ခွင်ကနေ ထွက်ကာ အစာခွက်နား ပြေးထိုင်လေသည်...
"နေဦးနော်...ငါ ဟင်းချက်ဦးမယ် ပြိးမှ စားကြတာပေါ့ နော့ "
YOU ARE READING
ဆုံဆည်းခဲ့ဖူးသော မျဉ်းပြိုင်နှစ်ကြောင်း//(mini) {Hiatus}
FanfictionThe Two Parallel lines met in a point 💔