Jongin တရေးနိုးတော့ ည ၁၀နာရီကွက်တိ ...
Kyung Soo ဆိုတဲ့ကောင်လေး ရောက်ပီလား ထကြည့်တော့ မတွေ့သေး...ဘာလဲဟ ၁၀နာရီပြန်ရောက်မယ်ဆိုပြီး...
.ရောက်တည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်က ဆန္ဒပြချေပီ...
တခုခုရှာကြည့်တော့ ရေဘဝဲချဉ်စပ်တွေ့တာနဲ့ စားပွဲဝိုင်းပြင်ပြိး စားလိုက်တယ်...
ပန်းကန်တွေကို ပစ်ထားလိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ်ကို လက်နှစ်ဖက်နဲ့ နောက်ပြန်ထောက်ထိုင်ပြိး နျုတ်ခမ်းမှာ စီးကရက် တလိပ်ကို တေ့ထားလိုက်သည်....ဒါနဲ့ ..Kyung Soo ဆိုတဲ့ကောင်လေး ညဘက် ပြန်လာတာ ကျိန်းသေရဲ့လား မသိ...
စီးကရက်ကို သုံးလေးဖွာလောက်ရှိုက်လိုက်ပြီး ကျန်တဲ့အပ်ုင်းတိုကို ရှူးနဲ့နင်းခြေပီး ဘောင်းဘီအိတိထဲက Lollipop ကိုပါးစပ်ထဲ ထည့်လိုက်ပြန်တယ်....
ပင်လယ်လေ တဖြူးဖြူးနဲ့တ်ုက်နေတာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ကမ်းစပ်နားသွားလိုက်တော့
သဲသောင်ပြင်ပေါ်မှာ ထိုင်နေတဲ့ Kyung Soo ဆိုတဲ့ကောင်လေး...အနားသွားကာ
"ဟိုကောင်လေး မင်းအိမ်ပြန်မလာသေးဘူးလား "လန့်သွားတဲ့အမူအရာနဲ့ကျွန်တော့ကို မော့ကြည့်ကာ...ထ မတ်တပ်ရပ်လေတယ်..
"ခုပဲ ပြန်တော့မှာ... သွားပီ "
ဘောင်းဘီမှာပေနေတဲ့ သဲတွေကို ခါချပီး စက်ဘ်ီးကို တွန်းကာ ထွက်သွားတဲ့ကောင်လေး...
ပင်လယ်ပြင်ကို တချက်ကြည့်ပြီး သူရယ်နေမိသည်..ဝဲတက်လာတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ...
ဘာလို့လဲ....
ဘာလို့ ငါ့ကို အကုန်ထားခဲ့ကြတာလဲ..အမေရော အဖေရော.. တခြားသောသူတွေကရော ဘာလို့ ငါ့ကို ထားခဲ့ရတာလဲ...ဟား... Kim Jongin ရယ် မင်းစောက်ရူးပဲ..
မရှိတော့တဲ့သူတွေကို ငိုပြီးတမ်းတနေရုံနဲ့ မင်းဆီ ပြန်လာမလား...အကုန်လုံးက မင်းကို မလိုအပ်လို့ ပစ်ထားခဲ့ကြတဲ့ သူတွေ....
YOU ARE READING
ဆုံဆည်းခဲ့ဖူးသော မျဉ်းပြိုင်နှစ်ကြောင်း//(mini) {Hiatus}
FanfictionThe Two Parallel lines met in a point 💔