My beautiful nightmare ... Part-1

9.3K 425 19
                                    

My beautiful nightmare ... Part-1

Phana-POV

Wayoကို ကျွန်တော့်ချစ်သူအဖြစ် ပိုင်ဆိုင်ရတဲ့အဖြစ် ကို ဘယ်သူမှ နားမလည်နိုင်ပါဘူး! ကျွန်တော့် အတွက် သူ့ကို တစ်ကြိမ် တစ်ခါထဲ ပိုင်ဆိုင်ရဖို့နဲ့ မလုံလောက်ပါဘူး...!

တကယ့်စွဲလန်းမှုမျိုးပါပဲ... ကျွန်တော်သာ ဆေးစွဲတဲ့သူဆိုရင် ဆေးခြောက်ကိုရှာလို့ ရသေးတယ်... ဒါပေမယ့် ကျွန်တော်က Yoအပေါ်ကို စွဲလန်းလွန်းနေမယ်ဆိုရင်တော့ သူ့ကို အသည်းနစ်အောင် ချစ်တဲ့ ကျွန်တော့်အချစ်တွေနဲ့ တဏှာစိတ်တွေ နိုးကြွနေတဲ့ ဒုက္ခကနေ မနည်းရုန်းကန်နေရတဲ့ ကျွန်တော့်အဖြစ်ကို သိနိုင်မှာ မဟုတ်ပါဘူး...!

အချစ်ဆိုတာ ရုန်းထွက်လို့မရအောင် နက်နဲလွန်းပါတယ်... ဆေးစွဲတာထက် ပိုအသက်အန္တရာယ်များပြီး အရက်ထက်ပိုပြီး စွဲလန်းစေတတ်ပါတယ်...

ကျွန်တော် တကယ်ပဲ သေရမလောက် ခံစားရပါတယ်... ကျွန်တော် သူ့ကို ရူးရမလောက် စွဲလန်းနေမိတယ် ပြီးတော့ အမြဲတမ်းလဲ စိုးရိမ်မိတယ်... ကျွန်တော် သူ့ကို အမြဲလိုအပ်နေမိ ပါတယ်... သူ့ဆီကရုန်းမထွက်နိုင်တော့ဘူး လို့ထင်တယ်...

ကျွန်တော် သူ့နားမှာပဲ အမြဲတမ်း တွယ်ကပ်နေချင်မိ တယ်လို့ ထင်မိပါတယ် ၊

အရူးတစ်ယောက်လို သူ့ကို စွဲလန်းနေမိတယ်...

ရယ်စရာပါပဲ... ကျွန်တော် အမြဲတမ်း သူလုပ်တတ်တဲ့အရာတိုင်းကို ချစ်မြတ်နိုးမိတယ် ဆိုတာကို ဝန်ခံပါတယ်...

ကျွန်တော်က သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမူအယာတိုင်း... အပြုအမူတိုင်း... ပြီးတော့ ကျွန်တော်နဲ့အတူရှိနေတဲ့ အချိန်တိုင်း လုပ်တတ်တဲ့ လှပသိမ်မွေ့လွန်းတဲ့ မျက်နှာထားလေးတွေရဲ့ ပရိတ်သတ်တစ်ယောက်ပါ... အမြဲတမ်း ငေးကြည့်နေချင်တဲ့ အချိန်တွေလဲ ရှိခဲ့ရတယ်...

ဘုရားရေ...!! ကျွန်တော် တကယ်ဘဲ သူမရှိရင် မဖြစ်တော့ဘူးလို့ ထင်မိပါတယ်...

ပြီးတော့... ကျွန်တော့်မှာ လျို့ဝှက်ချက်လေးတစ်ခု ရှိခဲ့ဖူးပါတယ်... မိုးဖွဲဖွဲလေးရွာတဲ့နေ့တုန်းက သူ ကျွန်တော့်ကို ထီးလေးလာမိုးပေးတဲ့ အချိန်တုန်းကပေါ့ သူ့ရဲ့ စိုနေတဲ့ အင်္ကျီကနေ ရုတ်တရတ် မြင်လိုက်ရတဲ့သူ့ရဲ့ အတွင်း ခန္ဓာကိုယ်လေးကို တွေ့ပြီး ...

2 moons Season3 Where stories live. Discover now