One day

41 2 0
                                    


တစ်ချိန်ချိန်မှာပေါ့ . . .

မင်းရဲ့ ဘေးမှာ လှပတဲ့ အသွင်သဏ္ဍာန် ၊ ထက်မြတ်တဲ့ ပုံစံ ၊ ရင့်ကျက်တဲ့ဟန်နဲ့ အပြုံးလှလှ ပန်ဆင်ထားတဲ့ မိန်းကလေးကို ကိုယ်တွေ့ရမယ်။

မြင်ကွင်းလေးဟာ သိပ်ကို လှပတယ်။သိပ်လိုက်ဖက်တဲ့ စုံတွဲလေးလို့ လူတိုင်းက ပြောကြမယ်. . .။

မင်းမျက်နှာထက်လည်း ကျေနပ်ပျော်ရွှင်ခြင်းများက နေရာယူထားတယ်။ ဂုဏ်ယူနေတဲ့ ဟန်ပန်အပြည့်နဲ့ပေါ့။

ကိုယ် ပျော်ပါတယ် ငယ်ရယ်။နောက်ဆုံးတော့ မင်းရှာဖွေနေတဲ့သူကို တွေ့ခဲ့ပြီပဲ. . .။

ပျော်ရွှင်ပါစေလို့ ကိုယ့်နှုတ်က တိုးတိုးလေး ရေရွတ်မိတယ် ။မျက်ဝန်းအိမ်ထဲ မျက်ရည်တွေ အပြည့်နဲ့ပေါ့။

အိမ်ဖွဲ့လာတဲ့ မျက်ရည်တွေရဲ့ အရင်းခံ အကြောင်းအရင်းတော့ ကိုယ်သာလျှင် အသိဆုံး ဖြစ်လိမ့်မယ်. . .။

Fool's feelingsWhere stories live. Discover now