Stage 02

965 90 15
                                    

Kun ကကျွန်တော့်ကိုထူးဆန်းတဲ့မေးခွန်းကြီးမေးလာတော့ရုတ်တရက်မို့ဖြေရခက်သွားတယ်။

Game ဆိုတာအခုခေတ်လူငယ်တိုင်းစွဲလမ်းစွာဆော့နေကြတဲ့ Application ပေါင်းများစွာရှိတဲ့ network တစ်ခုဖြစ်တယ်။

သူ့ရဲ့ game ဆော့မလားဆိုတဲ့ထူးဆန်းတဲ့မေးခွန်းကြီးကြောင့်ကျွန်တော်ဆွံ့အစွာသူ့ကိုငေးကြည့်နေမိတယ်။

တိတ်ဆိတ်သွားတဲ့ကျွန်တော်တို့နှစ်ယောက်ကြားမှာခဏနေတော့သူ့ဘက်ကစကားစလာတယ်။

"gameထဲကcharacterတွေလိုမင်းပုံစံကိုပြောင်းလဲနိုင်မယ်ဆိုမင်းယုံမလား?"

"ဘာ? မင်းနောက်နေတာလား? ဒါနောက်စရာမဟုတ်ဖူး ငါတကယ်စိတ်ညစ်နေတာ..."

"ငါမနောက်ပါဘူး...တကယ်ပြောနေတာ"

"...."

*ကျွီ*

တံခါးဖွင့်သံနဲ့အတူကျွန်တော်လှည့်ကြည့်လိုက်တော့ yuta gege ဖြစ်နေတယ်။

Kun ကတော့မျက်နှာချင်းဆိုင်အနေအထားမှာမို့လှည့်ကြည့်စရာမလို။

သူကဘာလို့ကျွန်တော်တို့အခန်းထဲကိုရောက်လာရတယ်ဆိုတဲ့အကြောင်းပြချက်ကိုသူပြောလိုက်တဲ့စကားနဲ့တင်ကျွန်တော်နားလည်သွားတယ်။

"ပြန်ရအောင်လေ kun..."

သူတို့နှစ်ယောက်က....အတူတူပြန်ကြတာတဲ့လား....?

ဟက်! ကျွန်တော်ကတစ်ကျောင်းလုံးရဲ့ခိုင်းဖက်ဖြစ်နေပြီးကျွန်တော်ကြိုက်တဲ့သူကမနေ့တစ်နေ့ကမှပြောင်းလာတဲ့သူနဲ့အိမ်တောင်အတူတူပြန်တဲ့အဆင့်ဖြစ်နေပြီ။

သူနဲ့ကျောင်းအတူတူတက်လာတဲ့နှစ်တွေသာများလာတယ်။ အခုချိန်ထိရင်းနှီးခွင့်လေးတောင်မရသေးဘူး။

ကျွန်တော့်အဆင့်ကအဲ့လောက်ထိတောင်နိမ့်နေပြီလား...?

ဒီလိုတွေးမိတော့စောနက kun ပြောသလိုပြောင်းလဲချင်စိတ်ပေါက်လာတယ်။

မဖြစ်နိုင်ဘူးလို့ယုံမှတ်ထားပေမယ့်ကိုယ့်ရှေ့မှာသူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ဆက်ဆံမှုကိုတွေ့ရတော့သဝန်တော့တိုမိတယ်။

DICE Onde as histórias ganham vida. Descobre agora