Stage 07

745 67 5
                                    

လူပြတ်တဲ့လမ်းမပေါ်မှာ Kun ကျွန်တော့်ကိုထားပြီးထွက်သွားတယ်။

သူ့ phone keychain လေးကိုလည်းပြန်မယူသွားဘူး။

ကျွန်တော့်လက်ထဲကနေလမ်းပေါ်လွတ်ကျသွားတဲ့ထိုအန်စာတုံးလေးဟာအပြာရောင်ကနေအနီရောင်သို့ချက်ချင်းပြောင်းလဲသွားတာကိုအံ့သြစွာနဲ့ကျွန်တော်ကြည့်နေမိတယ်။

ပူနွေးနေတဲ့မြေပြင်ပေါ်ကနေလဲနေရာမှကျွန်တော်ထရပ်လိုက်တယ်။

အရောင်ပြောင်းကာကျွန်တော့်လက်ထဲကနေမြေကြီးပေါ်လွတ်ကျသွားတဲ့အတ်ိုင်းလေးရှိနေတဲ့အန်စာတုံးလေးကိုကျွန်တော်ကြည့်နေမိတယ်။

ကျနေတဲ့ကျွန်တော့်လွယ်အိတ်ကိုယူကာကောက်လွယ်လိုက်ပြီးမျက်နှာပေါ်မှချွေးတစ်ချို့ကိုလက်ခုံဖြင့်သပ်လိုက်တယ်။

အနီရောင်အဖြစ်ပြောင်းသွားတဲ့အန်စာတုံးလေးကိုမဝ့ံမရဲကျွန်တော်ကောက်လိုက်တယ်။

လက်ဖဝါးကိုဖြန့်၍ထိုအနီရောင်အန်စာတုံးလေးအားထူးဆန်းစွာကျွန်တော်ဆက်ကြည့်နေမိသေးတယ်။

လူတကာခိုင်းဖက်ဖြစ်နေတဲ့ကျွန်တော့်ဘဝနဲ့လူတောမတိုးတဲ့ကျွန်တော့်အသွင်အပြင်တွေကိုပြောင်းလဲချင်မိလို့အိမ်မှာအမြဲမှန်ရှေ့ရောက်တိုင်းမဖြစ်နိုင်တဲ့ Kun ပြောတဲ့စကားအရဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ချမှတ်ခဲ့ဖူးတယ်။

အဲ့ဒီဆုံးဖြတ်ချက်ကိုအခုချိန်မှာအကောင်အထည်ဖော်လို့ရနိုင်မလားဆိုတဲ့မရေရာတဲ့အတွေးတစ်ခုလေးနဲ့ဖြန့်ထားတဲ့လက်ဖဝါးပေါ်ကအနီရောင်အန်စာတုံးလေးကိုကြည့်ရင်းကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာအိမ်သို့ဦးတည်လျှောက်လာခဲ့တယ်။

အိမ်ပြန်ရောက်တဲ့အချိန်ကညရနာရီဝန်းကျင်လောက်ရှိနေပြီဆိုတော့မှောင်မိုက်တဲ့ပတ်ဝန်းကျင်ကသာကျွန်တော့်ကိုစောင့်မျှော်နေတယ်။

လွယ်အိတ်ချ၍ကိုယ်လက်သန့်စင်ရေချိုးရန်ပြင်ဆင်လိုက်ပြီးအဝတ်စားလဲလိုက်တယ်။

ရောက်ရောက်ချင်းစာကြည့်စားပွဲပေါ်မှာတင်ထားခဲ့တဲ့အန်စာတုံးလေးကိုရေချိုးခန်းထဲကထွက်လာလို့အဝတ်စားလဲပြီးတဲ့အချိန်စာကြည့်စားပွဲနားသွားကာထိုင်၍အနီးကပ်ထပ်ကြည့်လိုက်ပြန်တယ်။

DICE Where stories live. Discover now