Part - 1

4.7K 161 14
                                    

Unicode 👈

မြူတွေဆိုင်းလျက် အေးချမ်းသာယာလှ
သည့် ချင်းတောင်တန်းရဲ့ အလှအပ ကွေ့ကောက်
မတ်စောက် အသွယ်သွယ်လမ်းပေါ်တွင် မှန်လုံပိတ်
Express ကားကြီး တစ်စင်း တစ်ရိပ်ရိပ် မောင်းနှင်လျှက်
ရှိသည်.. ။

အိမ်နဲ့ အတိုက်အခံလုပ်ပြီး ပြောင်းရွှေ့စာ
ရအောင် တင်ခဲ့သောကြောင့်သာ ဒီ ခရီးလေးကို ရင်ခုန်
စိတ်လှုပ်ရှားစွာ သွားနေရတာဖြစ်သည် ။ ကျွန်မ ရဲ့ ဆရာဝန်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်လေးကိုက ကျန်းမာရေး
မဖွံ့ဖြိုးသေးတဲ့ ဒေသလေးတွေမှာ အခကြေးငွေ မပေးနိုင်
လဲ နေပါစေ.... ရောဂါဝေဒနာ ပျောက်ကင်းအောင် ကျန်းမာရေး ဗဟုသုတလေးတွေ
ပြန့်ပွားအောင် စွမ်းဆောင်ချင်သည်.. မြို့ကြီး ပြကြီးတွေက
ဆေးရုံကြီးတွေထက် ဆေးဝါးမပြည့်စုံတဲ့ နယ်ဒေသလေး
တွေမှာ လိုအပ်တဲ့အကူအညီတွေပေးချင်သည် ။ အဲ့ဒါကြောင့် လုပ်သက် ၂နှစ် မှာ အိမ်က မသိအောင် ရွှေ့ပြောင်း
စာ တင်လိုက်သည် ။ ပြောင်းရွှေ့မိန့်ကျမှ အိမ်ကို ဖွင့်ပြော
တော့ ထင်တဲ့အတိုင်း ကန့်ကွက်ကြသည်... ပိုက်ဆံပေး
ပြီး ပြန်ပြောင်းမယ် နင့်ဦးလေးက ဘယ်သူ ဘယ်ဝါ
ဘယ်လိုအဆက်အသွယ်တွေရှိတယ် ပြန်ပြောင်းဖို့လွယ်တယ်
ဆိုပြီး တစ်အိမ်လုံးရဲ့ အတိုက်အခံကြားကနေ ရအောင်
ပြောင်းလာခဲ့ရသည်... တာဝန်ကျရာဒေသလေးက
ရန်ကုန်သူ ရန်ကုန်သားဖြစ်သည့် ကျွန်မ တို့အတွက်တော့ အတော်လေး ဝေးလံလှသည့် နေရာပေကို..... ချင်းပြည်နယ် မြောက်ပိုင်းတီးတိန်မြို့က ရွာငယ်လေးဖြစ်သည့် တွီးထန်ရွာ ဖြစ်သည်။

အထက်လူကြီးတွေက အံ့ဩနေ
ကြသည် ။ မြို့ကဆေးရုံကြီးမှာ လုပ်နေရက် နိုင်ငံခြားမှာ
ပါရဂူဘွဲ့တွေ ယူလို့ရနိုင်ရက်နဲ့ အခုလို ဒေသလေးကို သွားဖို့
ရွေးတဲ့ ကျွန်မကို မယုံကြည်နိုင်သော အကြည့်တွေနဲ့ ဝိုင်းကြည့်
ကြလေသည် ။ ကျွန်မကတော့ ဆုံးဖြတ်ပြီးသည့်အလျောက်
ဘယ်သူ ဘယ်ဝါ တားမြစ်မြစ် ထွက်လာခဲ့ပြီဖြစ်သည်...

တီးတိန်မြို့သို့ရောက်သည်နှင့် လာကြိုကြသည့်
ရွာလူကြီးဟုထင်ရသော ဘကြီးအရွယ် လူကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ကောင်လေးနှစ်ယောက်ကို တွေ့ရသည် ။ အလွယ် တကူရှာတွေ့သည်မှာ ကဒ်ထူစာရွက်ပေါ်တွင် ရန်ကုန်
မှ လာသော ဆရာဝန်မလေးအား လာကြိုပါသည် ဟု
တုံးတိ ရေးထားသော စာလေးကြောင့် ပြုံးမိရသေးသည်..

💙ရင်ငွေ့ခြုံ လုံပါစေ 💙Where stories live. Discover now