Chapter - 18 (ရန်ပွဲ)

3.8K 236 14
                                    

Unicode
-------------

"ပြန်တော့မယ် လုပ်ထားပြီးမှ သူက အတိတ်မေ့နေသေးတော့ ဒီမှာ ခဏနေမလို့လုပ်ထားတယ်"

အထုပ်တစ်ထုပ်ဆွဲလာပြီး ရွယ်တူကောင်လေးတစ်ယောက်ကို လက်တစ်ဖက်က ဆွဲလာကာ သူ့ရှေ့ရောက်နေသော Alex ကို Steph နားမလည်နိုင်စွာ ကြည့်နေမိသည်။

"Christopher က Kyron ရဲ့ ရေသူထီးပုံစံကို မြင်ချင်လို့ ၂ရက်လောက် နေပေးသွားပါဦးဆိုလို့ နောက်ဆုံး ဆုံးဖြတ်ချက်အနေနဲ့ Mr. Bennard အိမ်ရောက်လာတာ! "

"သူက? "

Kyron ကို လက်ညိူး ညွှန်ရင်း Steph မျက်လုံးများ အနည်းငယ်စင်းကာ မေးခွန်းထုတ်သည်။

"ဒါ ကျွန်တော့် တူ Kyron! နန်းတက်ပွဲမှာ တိုက်ခိုက်ခံရလို့ အတိတ်မေ့နေတာ"

"Oh! မင်းရဲ့တူ၊ Ok နေပါအဆင်ပြေတယ်"

အေးစက်စက်စကားတွေ ပြောနေသော်လည်း Steph ရင်ဘက်ကြီးတစ်ခုလုံး ပေါက်ထွက်တော့မလို ဒုတ်ဒုတ်ခုန်နေမိသည်။

"ဒါနဲ့ Thomas ဆီမှာ ဘာလို့မနေတာလဲ"

"Thomas ဆီတော့ သွားသေးတယ်၊ သူကလူရှုပ်တယ်ပြောပြီး မထားလို့ Mr. Bennard ဆီရောက်လာတာ"

Steph ခေါင်းသာ အသာညိမ့်ပြီး အခန်းတစ်ခန်းထဲမှာ သူတို့၂ယောက်ကို နေရာချပေးသည်။

Steph ပြုံးနေသည် ပြုံးတာမှ သွားတွေ အအေးပက်မတတ်ပင်။ အပြင်မှတော့ သူ့ရဲ့ အေးစက်စက် စကားလုံးတွေသာ ကြားရလိမ့်မည်။

.....

"Kyron အိပ်ခါနီး လိမ္မော်ရည်လေးသောက်လိုက် ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်။"

Thomas ဆီက ထွက်မလာခင် ယူလာတဲ့ အိပ်ဆေး၂လုံးကို စိစိညက်ညက်ချေပြီး သေသေချာချာရောဖျော်ထားသည့် လိမ္မော်ရည်လေး။

Kyron ကတော့ မော့သောက်နေရင်း မျက်နှာ တစ်ပြင်လုံး ရှုံ့မဲ့နေတော့သည်။ ချိုသည် ခါးသည် ချဉ်သည် မည်သည့် မှတ်ချက်မှ မပေးပဲ တစ်ကျိုက်တည်းမော့ချပစ်လိုက်သည်။

"သောက်ပြီးရင် အိပ်ယာပေါ်လှဲနေလိုက်တော့နော်"

တစ်ခါမှ ဆရာ မလုပ်နိုင်ခဲ့သူကြီးကို ဆရာပြန်လုပ်နေရသည်နှင့်ပင် Alex ဘဝင်တွေကြွလို့။

He Is A Merman (S1 Compleded/S2 Hiatus)(Uni)Where stories live. Discover now