Merman Return - 1

3K 163 2
                                    

Unicode
-------------

"ဒါ ဘယ်နှစ်ခုနှစ်လဲ?"

"ဟမ်?"

Alex ၏ မေးခွန်းကို Steph ရုတ်တရက်မို့ အူကြောင်ကြောင်ဖြစ်သွားသည်။

"2018 ...လေ ဘာဖြစ်လို့လဲ"

"မဖြစ်နိုင်တာ..."

"ဘာ မဖြစ်နိုင်တာကိုပြောနေတာလဲ?"

သူ့ကို စကားပြောနေသည့် ကလည်း နောက်ပြောင်နေသည့်ပုံမပေါ် လူထူးဆန်းတစ်ယောက်ကို ကြည့်နေသလိုသာ ကြည့်နေသည်။

//ဘာတွေဖြစ်ကုန်တာလဲ? //

အေးစိမ့်စိမ့်ရာသီဥတုမှာ ဇောချွေးပင်ပြန်ကျလာသည်။

သူ ထိုင်နေရာကနေ စွေ့ကနဲ ထရင်း အိမ်ပြင်ဘက်ကို အပြေးအလွှား ထွက်လာသည်။

အပြင်ကိုပြေးနေရင်းမှ တစ်စုံတစ်ခု သတိရသွားဟန်နဲ့ အိမ်ဘက်ကို ပြန်ပြေးလာပြီး

"အင်္ကျီ ခဏ ငှားသွားမယ်နော်! "

သူ့ကို အထူးအဆန်းကြည့်နေသည်ကိုလဲ ဂရုမစိုက်အားပဲ ပြောချင်ရာပြောပြီး ကမ်းနားဆီ ပြန်ပြေးလာသည်။

" 2018! 2018 ! ငါ့ကို နောက်နေတာကို တစ်ယောက်ယောက်ပြောစမ်းပါ"

"ဝုန်း"

သူအရှိန်ပြင်းစွာ ရေထဲခုန်ချလိုက်သည်။

ကျယ်လောင်သော ရေပွက်သံ နှင့် အတူ ရေမှုန်များ ဘေးဘက်သို့ ပျံလွင့်ကုန်သည်။ ရေထဲ ရောက်သွား သော်လည်း ပြန်မပြောင်းသွားသည့် အမြီး နှင့် ရေယက်များကြောင့် ၁မိနစ် မပြည့်ခင်မှာပဲ ရေပေါ်အမြန် ပြန်တက်လာရတော့၏။

"ဟူး.. ဟူး..!"

အသက်ကို အဝပြန်ရှုရင်း အမြီးထွက်လာအောင် အာရုံပြောင်းကြည့်သော်လည်း လုံးဝပြောင်းလဲမသွားသည့် ခြေထောက်တွေကြောင့် ကမ်းနားဘက်ကို ရေလက်ပစ်ကူးပြီး ပြန်လာလိုက်သည်။

"ဘာတွေဖြစ်ကုန်တာလဲ ရေသူထီးဖြစ်အောင်ပြန်ပြောင်းလို့လဲမရတော့ဘူး"

ကမ်းနားက လူတစ်ချို့က သူ့ကို ကွက်ကြည့် ကြည့်သွားသည်။ ဘယ်သူ ကြည့်နေသည်ကိုလည်း သူ ဂရုမစိုက်တော့ ဘာတွေဖြစ်ကုန်လဲဆိုသည့် အဖြေကို သူသိမှ ဖြစ်မည်။

He Is A Merman (S1 Compleded/S2 Hiatus)(Uni)Where stories live. Discover now