Hana 32..

3.1K 395 46
                                    

Zawgyi

"ကျွန်တော့်ကို သိမ်းပိုက်ပေးပါလား..အရှင်.."

တောင်းဆိုနေသည့်..မျက်ဝန်းလေးတွေ..

တုန်ယင်နေသည့်..နှုတ်ခမ်းပါးပါးလေးတွေက..
ုမြတ်နိုးလိုက်ချင်စရာ..ကောင်းနေပေမယ့်..

ဟင့်အင်း...။

ဘယ်လိုမှ..ခွင့်မပြုနိုင်ဘူး..။

"Byun Baek Hyun..!!!!
ဘယ်က သတ္တိတွေနဲ့..ဒီလို ပြောရဲ တာလဲ..!"

အပေါ်ပိုင်းဗလာကျင်း နေပြီဖြစ်ကာ..ကိုယ်တစ်ပိုင်းကိုသာ..ဖုံးအုပ်
တော့သည့်..အဖြူရောင် ၀တ်စုံ..ဖရိုဖရဲ..နဲ့
ပုံစံကို ကြည့်ပြီး..
ဘာလို့မှန်းမသိ..ကိုယ်တော်..
အရမ်း..ဒေါသထွက်မိသည်..။

အဲ့ဒီ..ဖြူဖွေးနေတဲ့..ပြစ်မျိုးမှည့်မထင်..
ခန္ဓာကိုယ်ကို..ကိုယ်ကတော့..တန်ဖိုးထား
လိုက်ရတာ..။
နန်းတော်ထဲမှာ..နေတုန်းက...
လေတွေဘာတွေ တိုက်လို့ဖြစ်ဖြစ်..၀တ်ရုံလေး..
နည်းနည်းဟသွားရင်တောင်မှ..
သူများတွေ...ကြည့်မှာစိုးလို့..

ကိုယ့်မှာ..အဝေးကနေ..ရင်တစ်ထိတ်ထိတ်နဲ့..
စိုးရိမ်ခဲ့ရတာ..။

ဒါတွေ..ဘာတစ်ခုမှ..မသိပါပဲ..ဘယ်က သတ္တိတွေနဲ့..ကိုယ့်ကို..
ကိုယ်
တန်ဖိုးမထားပဲ...လှစ်ဟ..ပြနေရသလဲ...။

ဒေါသထွက်ထွက်နဲ့..ကြုံးအော်ထည့်လိုက်
တော့လဲ..မျက်နှာက..ထုံးစံအတိုင်း..
ဇီးရွက်လောက်ငယ်သွားပြန်သည်..။

ကိုယ်တော်..သူ့ကို..ချစ်လို့ ...
အရာရာ..လိုက်လျောထားတာ..ဒီလို..
ကမ်းတက်လာဖို့မှ..မဟုတ်ပဲ...။

ဟင့်အင်း..။

တစ်ခြားဟာ..ဘာပဲ..တောင်းဆိုတောင်းဆို..
ကျွန်တော့်အတွက်..မိုးပေါ်က..ကြယ်တစ်လုံး
လောက်..ခူးဆွတ်ပေးပါလို့ပဲပြောပြော...
အားလုံး...လိုက်လျောပေးလိုက်မည်..။

ဒါကတော့..ဘယ်နည်းနဲ့မှ..မဖြစ်နိုင်ပါ..။

"ငါ..မင်းကို..ချစ်တာမှာလေ..
ပန်းကလေးတစ်ပွင့်ကို..နူးနူးညံ့ညံ့..
နမ်းရှိုက်ချင်တာပဲ..ပါတယ်..
ဆွတ်ချူဖို့..မပါဘူး..
ဟင့်အင်း..ငါ့စိတ်ကူးထဲမှာ..တစ်ခါမှကို..
မရှိဘူး..Byun Baek Hyun.."

Hana (はな) Chanbaek Season-1 [ Completed]Where stories live. Discover now