Hana 37..

3K 375 77
                                    

Zawgyi

"တောင်းပန်ပါတယ်...တစ်ကယ့်တစ်ကယ်..
အရေးကိစ္စကြုံလာခဲ့တော့..
ကိုယ်မင်းကို..ဘာမှ..ကာကွယ်မပေးနိုင်ခဲ့ဘူး..
Byun ရယ်..."

"ဟင့်အင်း..အဲ့ဒီလိုမပြောပါနဲ့..အရှင်.."

သူ့အမှားလဲ..ဘာတစ်ခုမှ..မရှိပါပဲ..
တောင်းပန်ပါတယ်ဆိုတဲ့..စကားကို..
တစ်တွတ်တွတ်..ပြောဆိုနေသော..
ချစ်သူကို..တားဆီးမိပြန်ပါသည်...။

တစ်ကယ်ဆိုရင်..ဒီကိစ္စတွေ ဖြစ်လာရတဲ့..
အကြောင်းရင်းက..
နှစ်ယောက်စလုံး...မှာ..အရင်းပြုနေတာကို..။
တစ်ခုခုဖြစ်တိုင်း..သူ့အမှားပါလို့..
တထစ်ချယုံကြည်နေတဲ့..သူ့ကို..
ကြာလာတော့..အားနာလွန်းမက..အားနာလှပြီ။

အခုလဲ...ကျွန်တော်တို့နှစ်ယောက်အကြောင်းကို..
အားလုံးက..သိသွားကြပြီဆိုတော့..
သူနဲ့ကျွန်တော်..အရင်လို...အတူတူ..နေလို့မရ
တော့သည့်..ကိစ္စမှာလဲ..
အမတ်တွေရဲ့..သဘောထားကို..
သူ..တားဆီးမပေးနိုင်လို့..
သူ..အသုံးကျတာ..ဘာမှ..မရှိကြောင်း..
တစ်ဖွဖွ ပြောပြီး..တစ်ဖွဖွတောင်းပန်နေသည်.။

"အရှင်...ကျွန်တော်ကတော့လေ..
အခုလိုမျိုးလေး..အတူတူတွေ့နေခွင့်ရှိတာကို
ပဲ..၀မ်းသာလှပါပြီ..
အဲ့တာကြောင့်မို့..နှစ်ယောက်တွေ့ရတဲ့ အချိန်မှာ
တစ်ခြားဘာမှ..မစဉ်းစားနဲ့..
ရတယ်..အားတဲ့ အချိန်လေးမှာသာ..ကျွန်တော့်
ဆီ ပြေးလာခဲ့..
ကျွန်တော်က..အားလုံးအဆင်ပြေတာမို့.."

"ဟင့်အင်း..မင်းအဆင်မပြေဘူးဆိုတာ..
ကိုယ်တော်သိတယ်..
ကိုယ်တော်လဲ..အဆင်မပြေဘူး..!"

"ဒါပေမယ့် ..အရှင်ရယ်..ကျွန်တော်တို့
တတ်နိုင်တာ..ဘာမှ ရှိမနေဘူးလေ.."

သူ့ရှေ့မှာ..တတ်နိုင်သမျှ..
ဝမ်းနည်းလွယ်ပြီး..မျက်ရည်လွယ်သည့်..
ပုံစံကို..မချပြချင်ပေမယ့်..
လတ်တလော..ဖြစ်ပျက်ခဲ့သည့်..ကိစ္စရပ်တွေက
ကျွန်တော့်နှလုံးသားကို..ဓားနဲ့...အခါတစ်ရာ..
အခါတစ်သိန်းလောက်မွှန်းထားသလို..
နာကျင်လွန်းလှသောကြောင့်..
ထိန်းထားသည့်..ကြားမှပင်..
မျက်ရည်စက်တွေ..ကျလာမိပြန်သည်..။

အရင်က..ဆို..အခြေအနေတွေ..
ဘယ်လောက်ပဲ..ဆိုးခဲ့ဆိုးခဲ့..
သူနဲ့ကျွန်တော်..အတူတူရှိနေခွင့်ရသေးသည်..။
တစ်ယောက်ဘေးနား..တစ်ယောက်..
နှစ်သိမ့်ဖေးမခွင့်ရှိသည်...။

Hana (はな) Chanbaek Season-1 [ Completed]Onde histórias criam vida. Descubra agora