\\5//

1.7K 254 61
                                    

"Yeol Hyung​ရောဟင်​??"

ပေါင်​မုန့်​ချပ်​​တွေ​ပေါ် creamတချို့သုတ်​​နေတုန်း ​နောက်​က​နေ ထွက်​လာတဲ့ အသံ​ကြောင့်​ ​စောင်းငဲ့ကြည့်​ရင်း ​ဖြေလိုက်​မိတယ်​...

"အခန်းထဲမှာ.."

မ​နေ့ညက သူ​ပြောလိုက်​တဲ့ စကားတစ်​ခွန်း​ကြောင့်​ Chanyeol စိတ်​ထိခိုက်​သွားပြီး အခန်းထဲဝင်​သွားတာက အခုမိုးလင်းတဲ့အထိ ထွက်​မလာ​သေး...။

"P'တို့ရုံးက ၉နာရီ စတာ​နော့.."

အတည်​ပြုဟန်​နဲ့ ဆက်​​မေးလာတဲ့ Baekhyunစကား​ကြောင့်​ ကျ​နော်​ အသံတိတ်​​ တုန့်​ပြန်​တဲ့အ​နေနဲ့ ​ခေါင်းငြိမ့်​ပြလိုက်​မိတယ်​...။

"P' Noon Naung.."

န​ဘေးကိုလာရပ်​ကာ နာမည်​ပါတပ်​​ခေါ်လာတဲ့ ​ကောင်​​လေး​ကြောင့်​ ကျ​နော့်​အကြည့်​​တွေ သူ့ဆီပို့လိုက်​​တော့ တီရှပ်​အဖြူ​ရောင်​ကို အမည်း​ရောင်​short pantတစ်​ထည်​နဲ့ တွဲဝတ်​ထားတဲ့ Baekhyunက မျက်​နှာ​ပေါ်မှာ ခပ်​ဝိုင်းဝိုင်းမျက်​မှန်​တစ်​လက်​ကိုပါ အဆစ်​တပ်​ထားပြီး ကျ​နော့်​ကို ပြုံးကြည့်​​နေတာ​ကြောင့်​...

"ဘာလို့လဲ..Baekhyun,Breakfastစားချင်​လို့လား??"

Chanyeol​ပြောပြထားတဲ့ Baekhyunရဲ့ မနက်​စာမစားတတ်​တဲ့အကျင့်​ကို သိ​နေ​သော်​ငြား မသိဟန်​​ဆောင်​ကာ ကျ​နော်​​မေးလိုက်​မိတယ်​...။

"ဟင့်​အင်း...ကျ​နော်​ မနက်​စာစား​လေ့မရှိဘူး..၊P' ကျ​နော့်​ကို စိတ်​ဆိုး​နေတာမလား??"

အရိပ်​အကဲဖတ်​တတ်​သူ​ကြောင့်​ ကျ​နော်​ မျက်​နှာပူစွာနဲ့ သူ့ဆီက အကြည့်​​တွေကို ဖယ်​ခွာလိုက်​မိတယ်​...။

"စိတ်​ဆိုးရတဲ့အ​ကြောင်းရင်းကိုလည်း ကျ​နော်​ သိတယ်​ P'."

ဆတ်​ကနဲ ကြည့်​လိုက်​မိတဲ့ ကျ​နော့်​မျက်​ဝန်း...

ကျ​နော်​ Chanyeolအ​ပေါ် သ​ဘောကျ​နေတာကို ဒီ​ကောင်​​လေးသိများသွားပြီလား??

"စိတ်​​တော့မဆိုးပါနဲ့...အိမ်​ရှင်​က စိတ်​ဆိုး​နေရင်​ ကျ​နော်​က ​​နေရခက်​ပြီးအားနာလို့ပါ..၊P'သူငယ်​ချင်းကို ​တွေ့​တွေ့ချင်း စိတ်​မ​ကောင်းဖြစ်​​အောင်​ တမင်​လုပ်​လိုက်​တာ မဟုတ်​ပါဘူး...ဒီတိုင်း....ကျ​နော်​က..."

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Where stories live. Discover now