\\8//

1.8K 254 54
                                    

လမ်းမပေါ်က တရိပ်ရိပ်ပြေးနေတဲ့ ကားတွေကိုငေးကြည့်ပြီး အပြုံးပါးလေးဆင်မြန်းထားသူ...Baekhyunကို ကျနော် ကြည့်နေရင်း အောက်နှုတ်ခမ်းတစ်ချက်သပ်လိုက်မိတယ်...။

နဖူးပေါ်ခပ်ဝဲဝဲ ကျနေတဲ့ပန်းနုရောင်ဆံစတချို့..ဘေးတစောင်းအနေအထားအရ ဖြောင်းဆင်းနေတဲ့နှာတံရယ်..ပန်းရောင်သာသာလေးပြေးနေတဲ့ ပါးပြင်အိအိနဲ့ပါးစုံမို့မို့...။
သဘာဝအတိုင်းကိုအချိုးကျနေတဲ့ နှုတ်ခမ်းပါးတစ်စုံကလည်း အပြုံးတစ်ပွင့်ဖန်ဆင်းလိုက်တဲ့အခါ တော်တော်ကြည့်ကောင်းနေတာက....

Chanyeolကို သဘောကျနေတဲ့ ကျနော်တောင် ဒီကောင်လေးရဲ့ ပနံသင့်လွန်းတဲ့မျက်နှာကျကိုကြည့်ပြီး ချစ်ဖို့ကောင်းလွန်းတယ်လို့ မှတ်ချက်ချမိတာ..သူ့ကို ချစ်နေတဲ့Park Chanyeolသာဆိုရင်........။

Chanyeolဆိုမှ...

"Park Chanyeolနဲ့ ပြန်တည့်သွားပြီမလား??"

ကျနော့်အမေးကြောင့် အပြင်ကိုငေးနေတဲ့ ကောင်လေးရဲ့အကြည့်တွေက ကိုယ့်ဆီချက်ချင်းပြန်ရောက်လာပြီး မေးခွန်းကိုနားမလည်ဟန်နဲ့ မျက်ခုံးပင့်ပြလာရှာတယ်.။

"Chanyeol နဲ့ Baekhyun ပြန်အဆင်ပြေသွားပြီမလားလို့??"

"Aww....အဲ့ဒါက..."

အမေးစကားကို နားလည်သွားဟန်နဲ့ကောင်လေးက စကားထောက်တစ်ခုကိုအစပြုလာပြီး သူ့ရှေ့က မုန့်ပန်းကန်ကိုငုံ့ကြည့်ရင်း နှစ်နှစ်ရရပြုံးလိုက်ပြန်တယ်..။

ဘာအကြောင်းကြောင့်များ သူပြုံးရတာလဲ??

"အွန်း...ကျနော်တို့ပြန်တည့်သွားတယ်Pee..."

အပြုံးတစ်ခုနဲ့ အဖြေပြန်ပေးလာတဲ့ကောင်လေးကို ကျနော်ခေါင်းငြိမ့်ပြလိုက်မိတယ်..။
တော်ပါပြီ...ဆက်လည်းမမေးချင်တော့ပါဘူး..မေးမိရင်လည်း သူနဲ့Chanyeolကြားက နက်နဲတဲ့relationshipတစ်ခုအကြောင်းကိုပဲ စိတ်မချမ်းမြေ့စရာကောင်းအောင် ကြားရဦးမှာ သိနေမိတော့လည်း ကိုယ့်နှလုံးသားမနာကျင်ရဖို့ ဒီနေရာမှာပဲ စကားစဖြတ်လိုက်ပါတော့မယ်...။

Chanyeol ah...မင်းနဲ့သူနဲ့ကြားက ငါမမြင်ရနဲ့အတိတ်အကြောင်းတွေ...ငါမသိတဲ့မင်းအကြောင်းတွေကို သူကနေတဆင့် ငါမသိချင်မကြားချင်မိဘူး...

You've reached the end of published parts.

⏰ Last updated: Feb 08, 2019 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Where stories live. Discover now