Eight

2.5K 337 69
                                    

မနက်သစ်တစ်ခု အစပြုခဲ့ပြီဖြစ်ပေမယ့်
Kyungsooအတွက်တော့ မင်္ဂလာရှိသော နေ့သစ်တစ်ခု မဟုတ်ခဲ့။
ကျောင်းပိတ်ရက်ကလေး အေးအေးဆေးဆေး အိပ်ရမယ်မှတ်တယ်။
မနက် စောစော စီးစီး Dae Hyung ရဲ့ နံနက်ချိန်ခါ တေးသံသာကြောင့်  အိပ်ရာ မထလို့မဖြစ်တဲ့ အခြေအနေကို ရောက်လေပြီ။

"ငယ်လေး! ငယ်လေး
ထတော့ ဒီနေ့ Xing က သူနဲ့လိုက်ခဲ့ရမယ်ဆိုပြီး ပြောထားတယ်မဟုတ်လား
ထ !မျက်နှာသစ် ရေမိုးချိုးပြီး ဆင်းလာခဲ့နော်
Hyung တို့ စောင့်နေမယ် "

သူ့ကို မရရအောင်နှိုးပြီး ရေချိုးခန်းထဲ အတင်းထိုးထည့်ကာ
အိပ်ရာတွေ ခေါက်သိမ်းပေး၊ ဝတ်ရမယ့် အဝတ်အစားတွေ ထုတ်ပေးပြီးမှ Dae Hyung က အခန်းထဲကနေ ထွက်သွားလေရဲ့။

Kyungsoo လည်း အချိန်မဆွဲဘှဲခပ်သွက်သွက် ပြင်ဆင်လိုက်ရသည်။
မဟုတ်ရင် Xing Hyung ရဲ့ အဆူအငေါက်ခံနေရမှ
သူ့မှာ စောစောစီးစီး မျက်ရည်ကျနေရဦးမည်။

Xing Hyung ကို ကြောက်ပါတယ်ဆိုမှ ဒီနေ့ Hyung ရဲ့ Shooting ကို လိုက်သွားရမတဲ့။
ကိုကိုကြီးက အရေးပေါ်ကိစ္စတစ်ခုကြောင့် နယ်ကို ဆင်းရမှာဖြစ်ပြီး Baek က ကိုကိုကြီးနဲ့ လိုက်သွားလိမ့်မည်။
Dae Hyung ရဲ့ ဆေးရုံကလည်း
တစ်နေကုန် လိုက်သွားလို့ကောင်းတာမဟုတ် ။
အဲ့တော့ Kyungsoo ကို အိမ်မှာ တစ်ယောက်တည်း မထားခဲ့ချင်သော အစ်ကိုတွေအားလုံးရဲ့ ဆုံးဖြတ်ချက်ဖြင့်
Wu Kyungsoo တစ်ယောက် ရင်တင်မက ဖင်ပါတုန်အောင် ကြောက်ရလေသော Wu YiXing ရဲ့ Shooting သို့ လိုက်ပါသွားရန် အကြောင်းဖန်သွားလေတော့သည်။

ဘဝကြီးက ထင်သလောက် လွယ်ကူနေတာတော့ မဟုတ်ချေ။
ဒီနေ့အတွက် ဘယ်လောက်တောင်များအဆူခံရမည်မသိ။မျက်ခုံးလှုပ်မိပါရဲ့။

Kyungsoo အောက်ကို ဆင်းလာတော့ ထုံးစံအတိုင်း မနက်စာစားဖို့ အားလုံးစုံနေကြပြီ။
Kyungsoo တစ်ယောက်သာ ရိုးရာမပျက်နောက်ကျနေခြင်းဖြစ်သည်။

"လာ ငယ်လေး
ဒီနေ့ လိမ်လိမ်မာမာနေရမယ်နော်
Xing Hyung အနှောင့်အယှက်ဖြစ်အောင် မဆိုးရဘူး
ကြားလား "

ကိုကိုကြီးက Kyungsoo သောက်ဖို့ Juice တစ်ခွက်ကို ဖန်ခွက်ထဲ ငှဲ့ထည့်ပေးရင်း စိတ်မချစွာ မှာလေ၏။

O.U.R.SWhere stories live. Discover now