Eleven

2.3K 281 53
                                    

ဒီနေ့က တနင်္ဂနွေ။
Kyungsoo, Baekhyun နဲ့ Jun တို့ရဲ့ ဒီနေ့အတွက် Schedule က အိပ်ရာပေါ် တုံးလုံးပက်လက်လှဲရင်း ထမင်းချက် အဒေါ်ကြီး လုပ်ကျွေးသမျှ မုန့်တွေ တစ်ခုပြီးတစ်ခုပြီး တစ်ခုစားကာ
ကာတွန်းစာအုပ်ဖတ်ကြခြင်း။

ကာတွန်းတစ်အုပ်ကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ပက်လက်အိပ်ပြီး ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်ထားသော Jun က တော့ ဘာကို သဘောကျနေသည်မသိ။ တစ်ယောက်ထဲ တစ်ခွိခွိနဲ့ ကြိတ်ရယ်နေသေးတာ။

"Baekhyunna, Kyungsoo yah
ဒါကို နားထောင်ကြည့်.. တအားရယ်ရတယ်။
ရှေးခေတ်ဘုရင်တွေက ဘုန်းကြီးလွန်းလို့ ရှူးပေါက်ချင်ရင်တောင် ရှူးပေါက်မယ်လို့ မပြောရဘူးတဲ့..
"ရတနာ ရွှေပြွန်က ရေသွန်တော်မူတယ် "လို့ပြောရတယ်တဲ့"

Jun ရဲ့စကားအဆုံး Kyungsoo မျက်နှာရှုံ့မဲ့သွားရသည်။

"မင်းဟာကလည်း ဘယ်လိုကြီးလဲ "

"ရယ်ရတယ်နော်...ရှေးတုန်းက လူတွေလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရူးကြတာပဲကွ"

"အေးလေ..စကားလုံးကို မကျယ်ကျယ်အောင်ချဲ့သုံးနေသေး.. ပျင်းစရာကြီး "

Arjamma လာချပေးထားသော ပန်းသီးတစ်စိတ်ကို ကောက်ဝါးရင်း Kyungsoo စကားထောက်ပေးလိုက်သည်။
Baekhyun ကတော့ သူဆော့နေတဲ့ Game ကိုသာ သည်းကြီးမဲကြီး အံတကြိတ်ကြိတ်နဲ့ ဆော့နေတုန်း။

ဒီနေ့အိမ်မှာ သူတို့သုံးယောက်တည်း။
ကိုကိုကြီးက ရုံးပိတ်ရက်ပေမယ့်
အရေးကြီး ကိစ္စတစ်ခုကြောင့် Company ကြိ သွားရသည်။
Xing Hyung နဲ့ Dae Hyung ကတော့ နဂိုကတည်းက ကမ္ဘာ့အလုပ်အများဆုံး လူသားတွေဆိုတော့ ပိတ်ရက်မှာ အိမ်မှာရှိဖို့ဆိုတာ ဆယ့်ခါ တစ်ခါမှ။

မနက်ပိုင်းတစ်ပိုင်းတော့ ဖင်ငြိမ်ငြိမ်နဲ့ အခန်းထဲမှာ နေနိုင်ပေမယ့် နေ့လယ်စာစားပြီးချိန်ကြတော့ သူံးယောက်လုံး မနေနိုင်ကြတော့..။

ပျင်းစရာကောင်းလိုက်တဲ့ဘဝကြီး..။

"အပြင်လေးဘာလေးထွက်ပြီးလမ်းလေး ဘာလေး လျှောက်ရအောင်ကွာ..ငါ့လခွမ်းတဲ့မှ
တော်ကြာ ကမ္ဘပေါ်မှာ ပျင်းပြီးသေသွားတဲ့ လူသားသုံးယောက်ဆိုပြီး ငါတို့အကြောင်း သတင်းထဲပါလာတော့မယ်"

You've reached the end of published parts.

⏰ Last updated: Jan 29, 2019 ⏰

Add this story to your Library to get notified about new parts!

O.U.R.SWhere stories live. Discover now