Tae- Okay Okay ဒီနေ့ win တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ သောက်ကြစို့.....
Jungkook မှာလည်း ခေါင်းတဆတ်ဆတ်ညိတ်ကာ သူ့ hyung အားထောက်ခံလေသည်။
Jin- အင်းသောက်လို့ရတယ် Jungkook မင်းမပါဘူး.....
Jungkook- ကျနော် အသက်ပြည့်နေပြီလေ Hyung
Jin- မသောက်ရဘူးဆို မသောက်ရဘူးပဲ ငါက ဘူးဆို ဖရုံမသီးဘူး....
Jungkook- Hyungကလည်း အာ့ဆို ကျနော်က ဘာသောက်ရမှာလဲလို့
Jin က ရေခဲသေတ္တာထဲ က နို့ဘူးကို ပစ်ပေးလိုက်ပြီး
Jin- ဒါသောက်.......အားရှိတယ်
Jungkook- ဒါသောက်ပြီးဘာလုပ်ရမှာလဲ .......သောက်မှာပဲ မသိဘူး...Aish......မီဝေါ့......Jin hyung
ခနကြာတော့ အကုန်လုံးအသီးသီးနေရာယူလိုက်ကြ၏။
Hobi- yoongi hyungရော
Jimin- သူ့အခန်းထဲမှာနေမှာ
Tae- ဘာလုပ်နေတာလဲ
Jin- သိချင်သွားခေါ်..
Tae- hyungကလဲ ဒီနေ့တစ်နေ့လုံး ဘာဖြစ်နေတာလဲ အကောင်းကိုမပြောဘူး
ထိုအပြောကို ခေါင်းညိတ်ပြီး နှုတ်ခမ်းဆူကာ ထောက်ခံလိုက်သည်က jungkook
Namjoon- Tae သွားခေါ်လိုက်ပါလား
Tae- မခေါ်ချင်ပါဘူး....မနက်က သူ့သွားတိုက်တံကို အိမ်သာထဲပြုတ်ကျအောင်လုပ်မိလို့ အကန်ခံရပြီးပြီ အဆဲလည်း အစစ်ပါသေး
Hobi- မင်းကမတောင်းပန်လိုက်ဘူးလား
Tae- တောင်းပန်လို့သိသွားတာပေါ့....ဒီလိုမှန်းသိ သွားမပြောဘဲ ဒီတိုင်းတိုက်ခိုင်းလိုက်တယ်.....
သူ့အပြောကြောင့်အကုန်ဝိုင်းရယ်ကြတော့သည်။
Jin- Jiminပဲ သွားခေါ်လိုက်တော့
Jimin- nae......
ပုလုံးတစ်ယောက်လုံးတုံးတုံးနဲ့ ပြေးသွားလေသည်။
Knock knock
Yoongi- ဘယ်သူလဲ
Jimin- Hyung ဟီးဟီး ကျနော်
YOU ARE READING
Do You Dare?[completed]
RomanceYoonmin Park Jiminရဲ့ ရက်တစ်ရာ dating game Min Yoongiရဲ့ Jiminအပေါ် အမှတ်ရဆုံးက အနမ်း💛 Yoonmin Romance ဇာတ်မြူးတစ်ပုဒ်