2.5K 287 39
                                    

အိမ်​ပြန်​​ရောက်​ကတည်းက တစ်​​ယောက်​မှ ကျ​နော့ကို စကားမ​ပြော....

Jiminieကို အရင်​လိုက်​ရှာရမည်​။ လွမ်းလွန်းလို့ ​အရမ်း​တွေ့ချင်​​နေပြီမို့

Knock... knock

Jimin- ဝင်​ခဲ့ပါ

Yoongi- Jiminie hyungပါ

Jimin- Hyung

ကျ​နော့ကို မြင်​​တော့ ပြာပြာသလဲ အိပ်​ရာ​ပေါ်က ထလာတဲ့ ​ကောင်​​လေး

ဟင်​....မျက်​ခွံ​လေး​တွေ​ဖောင်းလို့.. သူငို​နေတာလား ဘာလို့လဲ... ကိုယ့်​​ကြောင့်​လား

Yoongi- ငို​နေတာလား

Jimin- Arni, Hyungပြန်​​ရောက်​တာ​ပြောလည်း မ​ပြောဘူး

Yoongi-အင်း...ရုတ်​တရက်​ကြီးမို့ပါ

ပြီး​တော့ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ ကြည့်​ကာ စကားသံများတိတ်​ဆိတ်​သွားတဲ့ အခနိးငယ်

Jimin- Hyung

Yoongi- ဟင်

Jimin- Congratulation ​နော်​.. NaNa နဲ့ တွဲတာ​တောင်​မ​ပြောပြဘူး

မျက်​ရည်​များ ဝဲတက်​လာ​တော့ hyungကို ​နောက်​​ကျော ​ပေးလိုက်​မိသည်​။

စီရီလျက်​ရှိ​နေ​သော ခုံ​ပေါ်က အရုပ်​​တွေကို ပြန်​စီ​နေခြင်းဖြင့်​ Hyungမမြင်​​အောင်​ မျက်​ရည်​ပုန်းများ ကြိတ်​ကျလိုက်​ရသည်​။

ဘာလို့များ ကျ​နော့ကိုမှ ရက်​စက်​ရတာလဲ...

နောက်​​ကျော​ပေးထား​ပေမယ့်​ ရှိုက်​​နေ​သော ​ကောင်​​လေး....
သူငါ့​ကြောင့်​ ငို​နေတာပဲ...
ဝဲဘက်​ရင်​အုံက တဆစ်​ဆစ်​ကိုက်​လာ​တော့
အသက်​ရှူ ပါ မွန်းကြပ်​လာတယ်

သူ့ကိုယ်​​လေးကို တင်း​နေ​အောင်​​ပွေ့ဖက်​ချင်​စိတ်​​တွေ ထိန်းမရတဲ့​နောက်​ဆုံးမှာ

Yoongi- ဘာလို့အဲ့​လောက်​ငို​နေရတာလဲ..
ခေါင်းကိုက်​​နေလိမ့်​မယ်​ တိတ်​​တော့

စကားသံနဲ့အတူ ကျ​နော်​ကို ​ထွေး​ပွေ့လာတဲ့ hyung....

ဘာ​ကြောင့်​ ဖက်​တာလဲ...
မချစ်​ဘူးဆို မဖက်​ပါနဲ့..

Do You Dare?[completed]Where stories live. Discover now