ရေကန်ထဲ မှ ချစ်ဇာတ်လမ်း - 1 (အရိပ်ကလေးဖြစ်ပါရစေ)

26.5K 424 44
                                    


 ရေကန်ထဲ မှ ချစ်ဇာတ်လမ်း - 1 (အရိပ်ကလေး ဖြစ်ပါရစေ)

သူရိန်ကို ချစ်သည်။ ချစ်ရသူမို့ မည်သည့်နေရာတွင် ချစ်တင်းနှောရသည်ဖြစ်စေ ကျွန်တော် အကုန်ကြိုက်သည်။ ကျွန်တော် သူရိန် ကို နည်းမျိုးစုံနဲ့ချစ်ခဲ့တယ် ဆိုပေမယ့် ရေချိုးရင်း ချစ်ရတာကို အကြိုက်ဆုံးပဲ။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုယ်ပေါ်တင်နေတဲ့ ရေစက်တွေကို စုပ်ယူသောက်သုံးရတာ ကြိုက်လို့ပါ။ ဒါပေမယ့် ပင်လယ်ကိုဆီးမြင်ရသည့် အိမ်အပေါ်ထပ်က မှန်ပတ်လည်ကာရံထားတဲ့ ရေချိုးကြွေဇလုံ အ၀ိုင်းကြီးမှာ သူနဲ့အတူရေချိုးရင်း ချစ်တင်းနှောဖူးရဲ့လား။ ကျွန်တော်ပြထားတဲ့ ရေချိုးဇလုံအဖြူကြီးက သူရိန် နဲ့ ကျွန်တော် အမြဲရေအတူချိုးရင် ချစ်နေကျနေရာဗျ။

သိပ်ကို ထန်တယ်ဆိုပြီး နှာခေါင်းရှုံ့နေလား။ ဟုတ်တယ်။ ကိုယ့်ချစ်သူနဲ့မှ ထန်တဲ့သူပါ။ ကျွန်တော် ထန်ပါရစေ။ အဲ့ရေကန်အပေါ်မှာ ဖွဲဖွဲကျဆင်းတဲ့ ရေပန်းကနေ ရေတွေကျနေသေးတယ်။ မနေ့က သူရိန် ကို ဘယ်လိုပြုစုပေးတယ်ဆိုတာ နားထောင်ချင်တယ်ဟုတ်။ သေချာနားထောင် ပြောပြမယ်။

သူရိန် က မနက်အလုပ်သွားကတည်းက အဆောင်မှာ ဖုန်းမေ့ခဲ့လို့ ကျွန်တော် စိတ်ပူမှာစိုးလို့ အပြင်မှာ ဘာမှဝယ်မလာပဲ အဆောင်ကိုတန်းပြန်လာတယ်ဗျ။ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ 7 : 04 ပဲရှိသေးတယ်။ အဆောင်ပြန်ရောက်တာ။ ဒင်းလေး ကိုကို့ကို ဘယ်လောက် စိတ်ပူပြီး ဒုန်းပြေးလာလဲသိသာတယ်။ ချစ်လိုက်တာဗျာ။ အဲ့ကလေးကို။ အားကျသွားပြီဟုတ်။

ဒါနဲ့ကျွန်တော်က သူ့ကိုတခါတည်း ဆွဲခေါ်လာတာ။ ကျွန်တော်နေတဲ့နေရာဆီ။ ပင်လယ်ကိုစီးမြင်နေရတဲ့အခန်းက ရေချိုးကန်ကြီးထဲ သူရိန်ကို သေချာရေချိုးပေးချင်လို့ပါ။ ဒီလောက်ချစ်တတ်တဲ့ကလေးကို ကျွန်တော်အလွယ်ရလာတယ်ထင်လို့လားဗျ။ မျက်ရည်ချောင်းစီးအောင်ငိုပြီးမှ ရခဲ့တာ။ ကဲ..ကဲ သူ့ကိုအခန်းထဲခေါ်။ ရေချိုးပေးချင်လို့ပါလို့ တောင်းဆို။ သူက အင်တင်တင်ဗျ။ လက်ခံတော့ အ၀တ်ချွတ်ပေးပြီး ရေပန်းအောက်မှာ ရေနွေးနွေးလေးနဲ့လောင်းချိုးပေး။ တကိုယ်လုံးကို ဆပ်ပြာတိုက်ပြီး သေချာ စေ့စေ့စပ်စပ်တိုက်ချွတ်ပေးတယ်။

Love StoriesWhere stories live. Discover now