ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 11 (စစ်နတ်ဘုရား၏အချစ်ဥယျာဉ်)

7.2K 189 9
                                    

ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 11 (စစ်နတ်ဘုရား၏အချစ်ဥယျာဉ်)

ချူလူလူ+ရုမာသီ


ရုမာသီသည် တိုလုအီရောက်လာကတည်းက ချူလူလူနှင့်နှစ်ယောက်အတူ ခါတိုင်းလို အလုပ်များကို မလုပ်ဖြစ်တော့သည်ကို သတိရပြီး သက်ပြင်းရှိုက်မိသည်။ သဘောင်္ပေါ်မှ ဆင်းလာသည့် တိုလုအီကိုတွေ့လိုက်သည်နှင့် ကလေးလို ဘာမှမတွေးပဲ၊ တုန့်ဆိုင်းခြင်းမရှိ ရင်ခွင်ထဲပြေးဝင်ပြီး ၀မ်းသာအားရနူတ်ဆက်နေသည့် ချူလူလူ၏ကလေးလို ချွဲနွဲသည့်ပုံစံလေးကို မြင်တွေ့ရတော့ ကျောင်းတော်မှနေခဲ့စဉ် မိမိစွဲလမ်းခဲ့သည့် ချူလူလူကို မျက်ဝါးထင်ထင်ပြန်မြင်ရပြီး ရုမာသီခြေဆုံးခေါင်းဆုံး အပူလှိုင်းများ ဆက်လိုက်ဆင်းလိုက်နှင့်ပူလောင်လာခဲ့သည်။ အာခေါင်တွေခြောက်လာပြီး တိုလူအီ၏လည်ပင်းကို သိုင်းဖက်ကာပျော်မြူးနေသည့်ပုံလေးကိုကြည့်ပြီး စိတ်မြန်သည့်ကျွန်းသားစိတ်ဓါတ်က ခေါင်းထောင်လာခဲ့သည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ရုမာသီသည် ၀ိဇယပြည်၏ဘုရင်အဖြစ် အာနန်ပြည် စစ်ဘုရင်၏ ဘယ်လက်ရုံးကို အရိုသေပေးကာကြိုဆိုလိုက်သည်။

သို့သော် တိုလူအီ မိမိကိုကြည့်သည့် အကြည့်ကို ရုမာသီကောင်းကောင်းသိလိုက်သည်။ ချူလူလူက သူချစ်သည့်ကောင်လေးဖြစ်ပြီး မိမိကို အနားမကပ်ရန် သတိပေးနေသည့် အကြည့်။ သာမန်ဆိုလျှင် ကိုယ်ချစ်သည့်လူအတွက် မိုးကောင်းကင်ကိုပင်ဒူးနှင့်တိုက်နိုင်သော်လည်း ယခုလူက မိမိတိုင်းပြည်တည်ထောင်ရန် အဓိက အကူညီပေးနေသည့် စစ်ဘုရင်၏ဘယ်လက်ရုံးဖြစ်သဖြင့် ရုမာသီ နားလည်မှုရှိစွာဖြင့် ရုမာသီနားကို သိပ်မကပ်တော့ပေ။

"လွမ်းလိုက်တာ ချူလူလူရယ်... မင်းနဲ့အတူရှိတဲ့ အချိန် တစ်လတာက ကိုယ့်အတွက် ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ ခုမှ ကိုယ်ပိုသိလာခဲ့တယ်။ ဒီလိုမှန်းသိရင် ကျောင်းတော်မှာတွေ့ကတည်းက မင်းရဲ့အသည်းနှလုံးကို ကိုယ်ရအောင်ယူလိုက်တယ်။ ကိုယ်က မင်းကို မိန်းကလေးပဲ စိတ်ဝင်စားတဲ့သူလို့ထင်ခဲ့မိလို့၊ ကိုယ့်ကို အထင်သေးမှာစိုး မြိုသိပ်နေခဲ့တာ ကိုယ်နောက်ကျသွားပြီထင်ပါရဲ့။"

Love StoriesWhere stories live. Discover now