ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 4 (မုန်တိုင်းများ၏အရှင်သခင်)

12.2K 306 46
                                    


ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 4 (မုန်တိုင်းများ၏အရှင်သခင်)


ဟေဇယ်နှင့် တင်မော်ရင်

တင်မော်ရင်သည် နောင်တော်နှင့်ကမာ မြို့တော်ကိုစွန့်ခွာသွားကတည်းက တာဝန်များစွာပိနေခဲ့သည်။ ချူးချူးကိုလိုအပ်သည့် အကြံဥာဏ်များကိုပေးကာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး အိမ်ရှေ့မင်းတာဝန်ကိုလည်းထမ်းဆောင်ရသေးသည်။ ဒ့ါကြောင့် မိမိအိမ်တော်တွင် ပြန်အိပ်ဖို့ပင် အနိုင်နိုင်ဖြစ်လာခဲ့သည်။ လွမ်းသည်။ တော်တော့်ကိုလွမ်းသည်။ ဖိန်းဖိန်းနှင့်သားလေးကိုလွမ်းသည်။ အလွမ်းဆုံးက ဟေဇယ့်ကိုဖြစ်သည်။ ပြီးတော့ မိမိချစ်ရသော နတ်သားလေးဟေဇယ်၏ အထိအတွေ့ကိုလွမ်းသည်။ တောက်ပသည့် မျက်လုံရွဲကြီးနှင့်သူလေး၏ အကြင်နာကိုလွမ်းသည်။

ဟေဇယ်က ယခုအခါ ချူးချူး၏အတိုင်ပင်ခံဖြစ်နေသဖြင့် မိမိတွေ့ချင်တိုင်းလည်း မတွေ့ရပေ။ ဖိန်းဖိန်းကမှ အိမ်ပြန်သွားလျှင်တွေ့ရသေးသည်။ ဟေဇယ်ကတော့ ချူးချူး၏ သူငယ်ချင်းလည်းဟုတ်၊ အတိုင်ပင်ခံလည်းဟုတ်ဆိုတော့... ချူးချူးသွားလေရာပါပြီး မိမိမှ နန်းတော်ထဲ မျက်နှာလေးမြင်ရုံသာမြင်ရပြီး ထိတွေ့ခွင့်မရတာ ကြာလေပြီ။ ချူးချူးက ဟေဇယ်ကို မိမိ၏တရားဝင်ကြင်ယာတော် တင်မြောက်ပေးပါမည်။ ယခုတော့ သူမအနားခေါ်ထားပါရစေဦးဆိုပြီး တရားဝင်တောင်းဆိုထားသဖြင့် လူကြီးတန်မယ့်နှင့် တင်မော်ရင် အတင်းမခေါ်ထားနိုင်ပဲ နှမျောတမ်းတစွာဖြင့် ဟေဇယ့်ကို ဘုရင်မချူးချူးနားကို ငှားပေးထားရသည်။

ညတိုင်းညတိုင်း ဟေဇယ်မရှိသည့် အိပ်ယာက အထီးကျန်လွန်းလှသဖြင့် တင်မော်ရင် အလုပ်ကို သန်းခေါင်ကျော်သည်အထိ လုပ်ပြစ်လိုက်သည်။ အလွမ်းကို အလုပ်နှင့်ဖြေလိုက်သည်။ ဖိန်းဖိန်းက ချစ်လင်ကို ဖြောင့်ဖြသော်လည်း ပြောမနိုင်သဖြင့်လွှတ်ထားရတော့သည်။ ဟေဇယ်လေးနှင့် မောင်တော်ကို မိမိကိုယ်တိုင် သဘောတူကာ ချူးချူးကို အတိအလင်း လက်ဆက်ပေးရန် နားချထားခြင်းဖြစ်သည်။ ချူးချူးက လက်ခံသော်လည်း ဟေဇယ့်ကို ခင်မင်သည်။ တွယ်တာသည်။ ပြီးတော့ ဟေဇယ်၏ ဖြတ်ထိုးဥာဏ်နှင့် တိုင်းတပါးတွင်ကြီးပြင်းခဲ့သည့် အတွေ့အကြုံများက နိုင်ငံခြားဆက်ဆံေ၇းတွင် များစွာအသုံးဝင်သဖြင့် သူမအနားတွင် အနီးကပ်အကြံပေးခန့်ထားပြီး ခေါ်ထားသဖြင့် အိမ်ကချစ်လင်ကြီးကလည်း သက်ပြင်းတဟင်းဟင်းချပြီး အလုပ်ကိုတွန်းလုပ်နေသည်ကို သိတာပေါ့။ ဖိန်းဖိန်းသည် မိမိကို ချစ်ပေးသည့် မောင်တော့်ကို ကျေးဇူးတင်သည်။ အချစ်မလျော့သည့်အတွက် သူစိတ်ချမ်းသာအောင်လည်း ဖိန်းဖိန်း ပြန်လည်လိုက်လျောပေးခြင်းဖြစ်သည်။

Love StoriesWhere stories live. Discover now