S1- 1

40.9K 2.5K 75
                                    


ဆိတ်ငြိမ်နေသည့် တောအုပ်အတွင်း တေးငှက်အချို့ရဲ့အသံသာသာကို အဆက်မပြတ်ကြားနေရသည်။

တစ်ရွှတ်ရွှတ်နဲ့ ခပ်မြန်မြန် ပြေးလာသည့်
လူငယ်တစ်ဦးက စိတ်လှုပ်ရွားမှုအပြည့်နဲ့
လေးကိုင်းကို မြဲမြဲကိုင်ထားသလို ကျောမှာ
လွယ်ထားတဲ့ မြှားတံဗူးကိုလည်း အသင့်
ဖြစ်နေအောင် ပြင်ထားပြန်သည် ။

ထောင်ချောက်ဆင်ခဲ့သည့် နေရာကို အရောက်မှာတော့ လူငယ်လေးက ပြုံးလို့ သွားသည်။

ထောင်ချောက်ဆင်ခဲ့တဲ့ ကျော့ကွင်းတွေက
သားကောင်ကြီးရဲ့ ရုန်းကန်ရာတွေ ပြည့်နှက်နေပြီး ပေပွနေသည့် မြေကြီးတွေရယ်၊ ကျိုးပဲ့နေတဲ့ သစ်ပင်တွေရယ်ကြောင့် ဒီတစ်ခေါက်မိထားတဲ့ သားကောင်ကြီးက ထင်ထားတာထက် ပိုကြီးနိုင်မည်။  ဒီနေ့အတွက်လူငယ်‌လေး၏ အမဲလိုက်မူက မှတ်တမ်းကြီးကြီးဝင်နိုင်လိမ့်မည်။

သူ့ကိုဆို အမြဲထင်သေးတက်တဲ့အကိုတွေနဲ့လည်းအတိုက်အခံ လုပ်စရာမလိုတော့ ။ သူလုပ်နိုင်တယ်ဆိုတာကို ပြလို့ရပြီ ။

ရွှတ်...ရွှတ်....

သစ်ပင်အကျိုးအပဲ့တွေကြားက  လှုပ်ယမ်းကာ အသံတွေမြည်လာသည်မို့ မြှားတံတစ်ချောင်းကို ထုတ်ယူပြီး လေးမှာအသင့်ချိန်ထား တော့သည်။

ဂီး....ဂီး...ဂဲ.....

မာန်ဖီသံမျိုးမဟုတ်ပဲ သတ္တဝါကြီးတစ်ကောင်၏ နာနာကျင်ကျင် ညီးညူနေသံမျိုးမို့ လေးနဲ့ မြှားကိုတင်းတင်းကိုင်ထားရင်း သစ်ပင်တွေကြားကို အသင့်ချိန်ထားလိုက်သည် ။

ထိုအပင်တွေကြားထဲ သူ သွားသင့် မသွားသင့် ဒွိဟ ဖြစ်နေမိသည် ။ မသွားရင်လည်း ထို
သားကောင်ကို မရပဲအိမ်ပြန်လို့မဖြစ်။

နောက်ဆုံးတော့လည်း Eun (အွန်း)
အပင်တွေကြားထဲဝင်သွားလိုက်ဖို့
ဆုံးဖြတ်လိုက်သည် ။ သားကောင်မရဘဲ သူအိမ်မပြန်နိုင်ပေ။

ဂီး......

" အမေ့ ...!!! "

ကျိုးပဲ့နေသည့် သစ်ပင်တွေအောက်မှာ ဖုံးကွယ်နေသောအဖြူရောင် သတ္တဝါကြီးကို မြင်မိတော့ BaekEun နောက်ပြန်လဲကျသည်အထိ လန့်မိသွားသည် ။

Dragon's Blade [ Season-1] (Z+U)Where stories live. Discover now