" ကျေးဇူးပြုပြီး...ခင်များက လူလို့ပြောပေးစမ်းပါ ! "
ဆံပင်ရှည်နှင့် ထိုလူသည် သက်ပြင်းချလိုက်ပြီး စိတ်လေစွာ ဆိုလာသည်။
" ငါမနေ့က တောင်ပင်လယ်ကို သွားရင်း ရုတ်တရက် တိုက်ခိုက်ခံရလို့ ဒီတောင်ပေါ်ကို ပြုတ်ကျခဲ့ရတာ။ ကံဆိုးစွာနဲ့ပဲ မင်းရဲ့ ထောင်ချောက်ကို ပြန်မိတယ်။ အေး... ပိုပြီးတော့ ကံဆိုးသွားတာက တစ်ညလုံး နားပူရမဲ့ မင်းကို ခေါ်မိထားတာပဲ!!"
ဘတ်အွန်း အတန်ကြာစကားပြောဖို့ စွံအနေဆဲ။
ငွေမှင်ရောင်ဆံရှည်တွေနဲ့ လူမဟုတ်သည့် လူဟာလည်း မှင်သက်နေမိသည့် သူ့ကို စိုက်ကြည့်နေသေးသည်။
ထိုလူသည် သတ္တဝါကြီးမှနေ လူသား သဏ္ဌာန် ကို ပြောင်းလဲနိုင်သည့်အတွက် သာမာန်သတ္တဝါကြီးလည်း မဟုတ်နိုင်သလို သာမာန်လူသားလဲ မဟုတ်နိုင်ပါပေ။
" နတ်ဒေဝါတွေပဲ...ဒီလိုလုပ်တက်ကြတာမလား...."
ငွေမှင်ရောင်ဆံရှည်များနဲ့လူက ကျေနပ်စွာပြုံးသွားသည်။
" ဒီတစ်ခါတော့ မင်းကိုချီးကျူးတယ် ! လူသား ..."
ဘတ်အွန်း ပြန်ငြိမ်ကျသွားသည် ။ သူအခု လူမဟုတ်တဲ့ သတ္တဝါကြီးကို ကယ်မိတာ မဟုတ်ဘဲ နတ်နဂါးမျိုးနွယ်က နဂါးကြီးတစ်ကောင်ကို ကယ်မိတာပဲ ဖြစ်သည်။ သိပ်တော့ ယုံကြည်စရာ မကောင်းပေမဲ့ အမှန်ပဲ ဖြစ်နေသည်။
အခြေနေက သိပ်ကို ယုံကြည်စရာ မကောင်းနေသော်လည်းဘဲ မိမိ၏ အလွန်တရာ သစ္စာရှိလှသည့် ဝမ်းဗိုက်လေးက မည်သည့် အစာမှ မဝင်သေးကြောင်း အချက်ပြကာ တစ်ဂွိဂွိ တစ်ဂွမ်ဂွမ် မြည်နေရှာသည်။
ညကတည်းက ဘာမှမစားဘဲ အိပ်လိုက်ရသည့် အတွက် ဗိုက်ကလေးကလည်း လိမ်ပိန်နေအောင် ဆာနေရှာသည်။ ဝမ်းမီးတောက် နေပြီ ဖြစ်သည့်အတွက် ဘတ်အွန်းသည် တစ်ခဏတာလောက် ဘေးရှိ သာမာန်လူမဟုတ်နိုင်သော နတ်ဒေဝါကြီးကို မေ့လျော့ မိသွားသည်။
လွတ်အိတ်ထဲမှ ရိက္ခာခြောက်တွေလည်း နှင်းတွေကြောင့် ရေခဲတွေဖုံးနေကာ စားလို့ မရတော့ပေ။ ဒီလောက် အေးခဲတဲ့ ရာသီဥတုမှာ သူ့အစားသောက်တွေပဲ အေးခဲပြီး လူကိုယ်ကြီးက မခဲနိုင်သေးတာတော့ ဝမ်းသာစရာ။ နဂါးကြီး၏ နွေးသော အရှိန်အဝါကြောင့် ဖြစ်လိမ့်မည်။