11

915 47 8
                                    

Hunလည်းLuရဲ့လက်​​လေးကိုတွဲကာခန်းမ
ထဲ​ခေါ်သွား​လေသည်​။ သူတို့နှစ်​​ယောက်​ပါတီခန်းမထဲ​ရောက်​ပီ မကြာမီ မီးတို့ရုတ်​တရက်​ပျက်​သွား​လေသည်​။
"O-o ဘာဖြစ်​တာလဲ"
"​အေးဟယ်​ ဟုတ်​ပါ့ ဘာဖြစ်​တာလဲ မသိဘူး"
လူ​တွေတစ်​​ယောက်​တစ်​​ပေါက်​​ပြော​နေကြစဉ်
ရုတ်​တရက်​​နေရာ​လေးတစ်​ခုဆီသို့ မီးအလင်း
ရောင်​​လေး ကျ​ရောက်​လာခဲ့သည်​။ထိုအလင်း​ရောင်​နှင့်​အတူ လူငယ်​တစ်​​ယောက်​ပါဝင်​​ရောက်​လာခဲ့သည်​ ထိုလူငယ်​၀တ်​ထားပုံမှာ အ
နောက်​တိုင်းဝတ်​စုံကို ​သေချာကျနစွာဝတ်​ထား
လေသည်​။သူက Sehunရဲ့အတွင်း​ရေးမှူး
လေး သူ့ဆရာနှစ်​​ယောက်​ကို မျက်​နှာတစ်​ချက်
အညိုးမခံသူ သူက Eil Young Suu
"ကဲ အားလုံးပဲ မင်္ဂလာပါခင်​ဗျာ"

"👏👏👏👏"
လက်​ခုပ်​​သြဘာများချီးမြှင့်​လိုက်​ကြပီး ငြိမ်​ကျသွား​လေသည်​။

"ကျွန်​​တော်​တို့ရဲ့ Moon lightနဲ့ ZE:A
ပေါင်းစည်းမှူလက်​မှတ်​ထိုးပွဲ​အောင်​မြင်​​သော
အထိမ်းမှတ်​ အ​နေနဲ့ အားလုံး​စောင့်​​မျှော်​​နေကြတဲ့ Dancing Time​ရောက်​ရှိလာပါပီး"

Eii Young Suuရဲ့စကားအဆုံးမှာ ပရိတ်​သတ်​​တွေရဲ့လက်​ခုပ်​သံနှင့်​အတူ မြူးမြူးကြွ
ကြွ DJသံပါထွက်​​ပေါ်လာသည်​။

"Lu ကိုယ်​တို့သွားကရ​အောင်​"
Lu​ခေါင်းခါပြလိုက်​သည်​။ သို့​သော်​Baekရဲ့
ဆွဲ​ခေါ်ခြင်းကို ခံလိုက်​ရ​သောLu လူအုပ်​ထဲသို့
Baekနဲ့အတူ ​ရောက်​သွားသည်​။ သံစဉ်​က
မြူးသည်​ထက်​ပိုမြူးလာသည်​ ထို့အပြင်
ရှန်​ပိန်​​သောက်​​ထား​သော Hyung Sik
လည်းမူးသည်​ထက်​ ပိုမူးလာသည်​။ ဒါကို
Hunကသိလိုက်​​တော့ Luကို သူ့ရင်​ခွင်​ထဲ​ရောက်​လုနီးနီး ဖြစ်​​အောင်​ထားလိုက်​သည်​။

Hyung Sikစိတ်​​တွေကိုDJသံစဉ်​​တွေက
နှိုးဆွ​ပေး​နေသလိုပင်​။ မျက်​၀န်း​တွေကလည်းရီ
ဝေ​နေသည်​မှာ အမှန်​ပင်​။ ​ဘေးနားတွင်​ သူ့ရဲ့
အသစ်​စက်​စက်​ ​ကောင်​မ​လေး Sue Youngခင်ဗျာ မနိုင်​တနိုင်​နှင့်​တွဲထား​သော်​လည်း တွဲထား​သောလက်​ကိုပစ်​ချလိုက်​ကာ
ခြေလှမ်း​တွေက Luဆီသို့ဦးတည်​ကာသွား​နေ​လေသည်​။Hun လည်း ဘာလုပ်​လို့လုပ်​ရမည်​ကိုမသိပါ​ချေ။
Hyung Sik​ခြေလှမ်း​တွေ Luနား​လေ​ရောက်​​တော့ ရပ်​တန့်​သွားကာ Luရဲ့ပါး​လေးနှစ်​ဖက်​ကိုညှစ်​ကိုင်​သလိုကိုင်​ထားသည်

နှလုံးသားရဲ့အရှင်​သခင်​ Where stories live. Discover now