DAY 2

4.1K 460 29
                                    


[ ZawGyi ]

Apollo နတ်​ဘုရား၏မြေး​တော်​ Mykon အားအစွဲပြု၍ Mykonos ဟု​ခေါ်တွင်​ခဲ့ရာဤကျွန်းငယ်

ရှေး​ခေတ်​ဂရိတို့ရဲ့​ကောင်းကင်​နှင့်​မိုးကြိုးနတ်​ဘုရား Zeus နဲ့ Titans တြို့ကားက ဒဏ္ဏာရီလာစစ်​ပွဲဖြစ်​ပွား​ခဲ့ရာ​နေရာတစ်​ခုဟု မှတ်​တမ်းတင်​ထားကြသည်​။

                                 ~

မနက်​ခင်း​နေ​ရောင်​ စတင်​လင်းလက်​လာပြီးချိန်​တွင်​ကျ​နော်​တို့နှစ်​​ယောက်​မှာ busကား​ပေါ်သို့​ရောက်​နှင့်​​နေခဲ့ပြီ။လမ်းတစ်​​လျှောက်​​တွေ့ရ​သော ရိုးရာငါးဖမ်းလုပ်​ငန်းကို လုပ်​ကိုင်​​နေ​သေးသည့်​တံငါသည်​​တွေ...။ ကျွန်း​နေလူဦး​ရေ 9000 ​လောက်​သာရှိ​ပေမဲ့ ကမ္ဘာလှည့်​ခရီးသွားများနှင့်​ကျွန်း​လေးမှာစည်​ကားလွန်းသည်​။ ဧရိယာသိပ်မကျယ်ဝန်းသည့်ကျွန်းငယ်​​လေးဖြစ်​၍ လမ်းပန်းဆက်​သွယ်​​ရေးမခက်​ခဲသလို တစ်​​နေရာနှင့်​တစ်​​နေရာကိုလဲ လျှင်​မြန်​စွာ​ရောက်​နိုင်​ပေ၏။

Cameraတစ်​လုံးနှင့်​ တစ်​​ယောက်​ထဲ အလုပ်​ရှုပ်​​နေသူမှာ...ကျ​နော့်​ကို​မေ့များ​နေသလားပင်​  ။
Cameraနှင့်​ပတ်​သတ်​လာရင်​ထမင်း​မေ့၊ ဟင်း​မေ့၊​နောက်​ဆုံး....ကျ​နော့်​ကိုပါ​မေ့သွားတတ်​​သောသူ့လက်​ထဲ ကုမ္မဏီအပ်​မည့်​​ယောက္ခထီးကိုပင်​ သွားသနားမိ​သေးသည်​။

မဖတ်​ရ​သေး​သောMsg​ပေါင်းများစွာများထဲက

*아빠* ဟု​ရေးထား​သောcontact​လေးကိုဖွဖွ​လေးထိတို့မိ၏။

လုပ်​ချင်​ရာလုပ်​သွား​သောသားတစ်​​ယောက်​ကိုအ​ဖေစိတ်​ဆိုး​နေမလား....

်ကိုယ့်​မျိုးရိုးကိုတန်​ဖိုးမထားပဲတစ်​ခြားမျိုးရိုးသို့​ပြောင်းပစ်​​သောသားအကြီးဆုံးကိုအ​ဖေ ရှက်​စရာလို့မြင်​​နေမလား...

ဝေ့လာ​သောမျက်​ရည်​ကြည်​တချို့ မျက်​​တောင်​တဖျတ်​ဖျတ်​ခတ်​ကာသိမ်းဆည်း​ပေမဲ့ ရှိုက်​သံကခပ်​တိုးတိုးထွက်​လာသည်​။ကိုယ်​လုံးမှာဆတ်​ကနဲဆွဲလှည့်​ခံလိုက်​ရပြီး စိုးရိမ်​တကြီးမျက်​ဝန်းကျယ်​တို့ကို​တွေ့မြင်​ရ၏။

OUR LOVE PARADISE [COMPLETED]Where stories live. Discover now