"ဟေ့ဟျောင်...မြန်မြန်လုပ်
ဟိုမှာမင်းဘဲကြီးလာတော့မယ်""ခနလေး...
ဒီမှာသော့ပေါက်ကကြပ်နေလို့"ကော်ရစ်တာပတ်ကိုခုန်ဆွခုန်ဆွကြည့်ရင်း
ဆော်အော်နေသော YanJun ကြောင့်
XuKun ချွေးတွေပါပျံလာသည်။အရေးထဲသော့ပေါက်ကကြပ်နေသေး
"oh...Thanks god
ရပြီ...သွားမယ် YanJun"ကံကောင်းလို့သော့ပေါက်ကပွင့်သွားလို့
"အတန်းဆင်းလာပြီကွ
ဒီဘက်ကသွားလို့မဖြစ်ဘူး...လာလာ"ပြောပြောဆိုဆို YanJun က ကျွန်တော့်
လက်ကိုဆွဲကာ locker တွေထားတဲ့
ဘေးကအရေးပေါ်လှေကားထဲဝင်သွားသည်။ပြီးတော့အပြင်ကလဲ မမြင်ရအောင်
နှစ်ယောက်သားချောင်းကြည့်ရင်း....."ရောက်နေပြန်ပြီလား ZiYi"
သူ့ဘေးနားကသူ့သူငယ်ချင်းဖြစ်တဲ့ စီနီယာ
chengcheng ကပြုံးစိစိနဲ့မေးနေတာကို
တွေ့ရသည်။သူကတော့ဘာမှပြန်မဖြေ
ကျွန်တော်ထားထားတဲ့လက်ဆောင်လေး
ကိုသာ ကျောပိုးအိတ်ထဲထည့်လိုက်တယ်။"၄နှစ်လုံးလုံး မင်းမွေးနေ့အကြိုရက်မှာ
မပျက်မကွက်လက်ဆောင်လာလာထားနေတာ
ဘယ်သူများပါလိမ့်နော်
ZiYi မင်းမသိချင်ဖူးလား"သူက စီနီယာ chengcheng အမေးကို
မဖြေသေးပဲခေါင်းကဟိုလှည့်ဒီလှည့်နဲ့
ကျွန်တော်တို့ရှိရာကိုရောက်လာလို့
ကျွန်တော်နဲ့ YanJun အမြန်ရှောင်
လိုက်ရသေးသည်။"မသိစေချင်လို့ ခိုးကြောင်ခိုးဝှက်
လုပ်နေတဲ့သူကိုငါကဘာလို့သိချင်ရမှာလဲ
သွားရအောင်"သူကတော့ပြောရင်းဆိုရင်း စီနီယာ chengcheng ပုခုံးကိုဖက်ရင်းပြုံးရယ်ကာ
ထွက်သွားသည်ကျွန်တော့်မှာသာအတွေးပေါင်းစုံနဲ့....
"XuKun မင်း သူ့ကိုဖွင့်မပြောတော့ဖူးလား
သူတို့ကနောက်ဆုံးနှစ်နော်
နောက်ဆိုမင်းသူ့ကိုခုလိုအမြဲမတွေ့နိုင်တော့ဘူး"YanJun ပြောတာကိုသူမဖြေနိုင်
ကန်တင်းမှာထိုင်နေတဲ့သူ့ကိုပဲငေးကြည့်နေမိတယ်
CZYTASZ
Taste The Ice-Cream🍦🍦
Krótkie Opowiadaniaချစ်လှစွာသော လူသား နှစ်ယောက်အတွက် ရည်ရွယ်၍... ISEEKUN တို့ ဖန်ဆင်းခြယ်မှုန်းသော... နှလုံးသား အပိုင်းအစငယ်များ စုဝေးရာ...