You are mine 💛

1.2K 169 31
                                    

စာအုပ်​ကို အာရုံစိုက်​ထားသော
မျက်​တောင်​စင်းလေးတွေ။

တစ်​ချက်​ချက်​ နှုတ်​ခမ်းကို စွတ်​စိုစေသော
လျှာရဲရဲလေး။

ပုံကျသပ်​ရပ်​နေတတ်​သည့်​ ဆံပင်​မည်းတို့က
အိမ်​မှာနေတဲ့အချိန်​ဆို
ပုံမကျတော့ဘဲ ဟိုတစ်​စ ဒီတစ်​စဖြင့်
နဖူးပေါ်ဝဲကျနေတတ်​သည်​။

စာအုပ်​ထဲမှာ အာရုံစိုက်​ထားပုံကတော့
စာဖတ်​နေရင်း မျက်​နှာကိုပါ
တစ်​ချက်​ချက်​ပြုံးစေသည်​။

စားပွဲပေါ် လက်​နှစ်​ဖက်​ထောက်​တင်​ကာ
လက်​ဖဝါးနှစ်​ဖက်​ကြား မျက်​နှာတင်လျက်
အားရပါးရငေးနေမိပါ၏။

"ဟေ့.....စာလုပ်​လေ။"

မျက်​လုံးကိုလှန်​ကြည့်​၍ ခပ်​မာမာဆိုသည့်​အခါ
အတွေးလွန်​သည့်​သူ့ကိုယ်​လေး ဆတ်​ကနဲ
တုန်​သည်​။

ဟီးကနဲ ရယ်​ပြသည့်​အခါ
ကိုကိုက သူ့ကို
မျက်​မှောင်​ကျုံ့ လျက်​ကြည့်​ပါ၏။

အင်း မထူးတော့ပါဘူးလေ။

"ကို .....ကို "

နောက်​ကိုမှီထိုင်​ကာ
ကုတင်​ထက်​  လဲလျောင်းနေသော ကိုကို့ထံ
ဦးစွာ ချဉ်းကပ်​မိပါ၏။

"အင်း.....ပြော။"

ရိုဆန်​လိုက်​တဲ့ ကိုကိုရယ်​ပါ။
သို့ပေမယ့်​ စာအတင်းပြန်​မလုပ်​ခိုင်းတာပင်
တော်​ပါသေး၏။

"ကိုကိုလို့ ။"

ကုတင်​စွန်းက ကိုကို့ဘေးနေရာကို
အသာ ကပ်​ထိုင်​သည်​။

လက်​မောင်းတစ်​ဖက်​ကို မ,ကာ
ခပ်​တင်းတင်းပိုက်​လိုက်​ပြီး။

"ဒီနေ့လေ ......"

"အင်းး ......"

သူ့ကိုမကြည့်​ဘဲ စာအုပ်​ထဲပဲ အာရုံစိုက်​ကာ
စာရွက်​ တစ်​ရွက်လှန်​ရင်း ထူးလာပါ၏။

"ကျွန်​တော်​ ပြောတာ အရင်​နားထောင်​ကွာ။"

"အင်း "

သူပြောတာမကြားဘဲ စွတ်​အင်းနေပုံပါပဲ။

"အဲ့စာအုပ်​ကို ချထား။"

Taste The Ice-Cream🍦🍦Where stories live. Discover now