Never-2

222 20 0
                                    

"ဘယ်​​တော့မှ" ဆိုတဲ့စကားစုဟာ နာကျင်​စရာ သိပ်​​ကောင်းတယ်​ အိုလီဗာ။

ဘယ်​​တော့မှ မ​ရောက်​​တော့မယ့်
စာ​တွေကို ခင်​ဗျားဖတ်​မိပါ​စေလို့ ဆု​တောင်းရင်း
စာတိုက်​ပုံးအ​ဟောင်း​လေးထဲထည့်​မယ်​။

ဘယ်​​တော့မှ ကြားနိုင်​ခွင့်​မရှိ​တော့တဲ့
"အိုလီဗာ" ဆိုတဲ့အမည်​နာမ​ကို တသသ​ရေရွတ်​မယ်​။

ဘယ်​​တော့မှ ပြန်​လာ​တော့မှာမဟုတ်​တဲ့
လူကို မှန်းဆပြီး ချစ်​ရတဲ့အ​ကြောင်း​တွေကို
တိတ်​တိတ်​က​လေး ​ရေရွတ်​မယ်​။

ဘယ်​​တော့မှ ဆုတ်​ကိုင်​ခွင့်​မရှိ​တော့တဲ့
လက်​တစ်​စုံအတွက်​​ကော နာကျင်​​နေရမလား အိုလီဗာ။

ဘယ်​​တော့မှ.....ဘယ်​​တော့မှ......

ချစ်​​သော ​အေလီယို (၂)Where stories live. Discover now