Suicide Radio

472 97 31
                                    

ခုတလောမှာ ချန်းယောလ်ကြုံနေရတဲ့ ပြဿနာတစ်ခုရှိတယ်။အဲ့ဒါကို ဘယ်သူ့ကို ပြောပြအကူအညီတောင်းရမယ်မှန်း မသိ။သေချာတယ် သူပြောပြလည်း လူတွေက ကူညီဖို့နေနေသာသာ ဘာတွေလာကြောင်နေတာလဲဟ ဆိုတဲ့ အကြည့်နဲ့ပဲ ကြည့်မှာသေချာတယ်။

~ဂျစ်...ဂျစ်...~

ဟော စလာပါပြီ...။
နှစ်တော်တော်လေးကြာပြီ ဖြစ်တာကြောင့် ဖုံတွေတက်ကာ မီးခိုးရောင်ပြောင်းနေပြီဖြစ်တဲ့ ရေဒီယိုဟောင်းတစ်လုံးက အသံ...

~ဂျစ်...ဂျစ်...~

ပထမဆုံးညတုန်းကတော့ ကြွက်တိုးတာလားလို့ ထင်မိပေမယ့် ညတော်တော် ကြာတဲ့အထိ အချိန်မှန်ထွက်လာတဲ့ အသံကြောင့် ချန်းယောလ် စပြီးထူးဆန်းလာတယ်...။အရှုပ်ထုပ်ကို အိမ်ပေါ်တင်သွားတဲ့ အိုဆယ်ဟွန်းကတော့ အခုချိန်ဆို အင်္ဂလန်မှာ သာသာယာယာရှိနေလောက်ပြီ...။

~ဂျစ်...ဂျစ်...~

အသံက တဖြည်းဖြည်းတိုးလာတယ်။မကြာခင်ပျောက်သွားတော့မယ်ဆိုတာသိပေမယ့် ဒီတစ်ခါတော့ ချန်းယောလ်ရဲ့မသိစိတ်ကနေ ရေဒီယိုဆီ တိုးသွားမိတယ်။လက်တစ်ကမ်းအကွာကိုရောက်လို့ ချန်းယောလ် လက်လှမ်းတဲ့အခါမှာ ရုပ်ချည်းဆို အသံက တိတ်ကျသွားပြီး ကြောက်လန့်မှုကြောင့် ထွက်နေတဲ့ ချန်းယောလ်ရဲ့ အသက်ရှုသံပြင်းပြင်းသာ ကျန်ခဲ့တယ်...။

"အို့..."

ရုတ်တရက်ကြီး မီးပါပျက်သွားတာကြောင့် ချန်းယောလ် နေရာမှာ ရပ်ပြီး ကြောင်နေမိတယ်...။ပြတင်းပေါက်က လရောင်ကလွဲပြီး အခန်းဟာမှောင်ဖျော့ဖျော့...

~ဂျစ်...ဂျစ်...~

ကြောက်ရွံစိတ်ထက် တစ်ခုခုက ညှို့ငင်နေတာမျိုး ချန်းယောလ် နေရာကနေ တုတ်တုတ်တောင်မလှုပ်မိဘူး...။

"တစ်ယောက်ယောက် ရှိနေတာလားဟင်..."

"အမေ့..."

ရုတ်တရက်ကြီး ထထွက်လာတဲ့ ရေဒီယိုက ဖျော့တော့တော့ အသံကြောင့် ချန်းယောလ် အလန့်တကြားအော်ပြီး အခန်းပြင်ထွက်ပြေးလိုက်တယ်။ချန်းယောလ် အခန်းပြင်ရောက်ရောက်ချင်းပဲ ပျက်သွားတဲ့ မီးက ပြန်လာတာ ထူးဆန်းပါတယ်...။

အသည်းကွဲ ရေဒီယိုWhere stories live. Discover now