6️⃣

3.9K 397 24
                                    

"ကျွန်တော် အဖေတို့ ဖြစ်စေချင်တဲ့အတိုင်း အဲ့မိန်းမကို စေ့စပ်ပြီးပြီ ~~~~လက်ထပ်ဖို့လဲ လက်ခံပြီ့းပြီ~~
ဘာလို့ ဒီလို လိုက်ချုပ်ချယ်နေတာလဲ"

အခန်းထဲ ပိတ်လှောင်ခံထားရတဲ့ ခံစားချက်ကို မနှစ်မြို့တာကြောင့် အခန်းထဲက ရှိသမျှ ပစ္စည်းတွေကို ပေါက်ခွဲကာ သောင်းကျန်းမိသည်~~~~

"Kim Kai ငါက မင်းအတွက် ~~~"

"အဖေတို့ ကျွန်တော့အတွက်ဆိုတာက ဟောဒီလို အောက်တန်းစား စိတ်ဓာတ်နဲ့ မိန်းမကို ကျွန်တော်နဲ့ပေးစားတာကိုလား~~~"

Lee Hari ဆိုတဲ့မိန်းမက်ု လက်ညိုးထိုးရင်းပြောလိုက်တာကြောင့် ထိုမိန်းမက ရွဲ့တဲ့တဲ့ မျက်နှာထားကနေ ငိုမဲ့မဲ့အနေအထားကို ချက်ချင်းပြောင်းကာ

"အဖေ မောင်က"

"Kai တော်တော့~~~Hari က မင်းအတွက် ဇနီးကောင်းတယောက် နောက်အပတ်မှာ မင်္ဂလာပွဲကျင်းပမယ်~~~Kim gp က တစ်ဦးတည်းသောသားက Gay ဆိုတဲ့ အသံ မထွက်ချင်တာမို့ ဒီပွဲကို အေးဆေးလက်ခံလိုက် သား"

"ကောင်းပီ အဖေ ဖြစ်စေချင်သလို ဖြစ်စေရမယ်
ဒါပေမဲ့ ကျွန်တော့ကိုကောင်လေးနဲ့ပေးတွေ့"

ဘာစကားမှ ထပ်မဆိုပဲ Kai ကို တချက်ပဲကြည့်ကာ ပြန်ထွက်သွားတာကြောင့် သူ သက်ပြင်းချမိသည်~~~
ကောင်လေးရေ~~~မင်းနဲ့ငါ တကယ်ဝေးရတော့မှာလား~~~~

~~~~

ဒီနေ့ Kai နဲ့ Lee Hari နဲ့ မင်္ဂလာဝတ်စုံအတိုင်း သွားတိုင်းတဲ့နေ့
မင်္ဂလာ လက်စွပ် သွားဝယ်တဲ့နေ့

စိတ်မပါသော်လည်း အမေက ဘေးနားမှာ ရှိနေတာမို့ တချိန်လုံးနေပေးရသည်~~~~~

မင်္ဂလာဝတ်စုံအရောင်ရွေးတော့လဲ သူမက အန်ီရောင်ကြိုက်သည်~~ကျွန်တော်က အနက်ရောင်ကြိုက်သည်
မထူးဆန်းပါ အနီနဲ့အနက် လိုက်ဖက်ညီမှာပါလေ~~~

"မောင် ဒါလေး Hari နဲ့ လိုက်တယ်မလား"

နီနီရဲရဲ ဂါဝန်ကို ဝတ်ပြ၍ ကိုယ့်ရှေ့တွင်တပတ်လှည့်ပြနေသော သူမအားမမြင်
သူ့အကြည့်ကား အနောက်တိုင်း သတို့သား ဝတ်စုံ အဖြူလေးဆီဝယ်~~~

ဒီဝတ်စုံလေးသာ ကောင်လေးဝတ်ရင် ဘယ်လောက်လှလိုက်မလဲ~~~
ယောကျာ်းလေးတစ်ယောက်က လှတယ်လို့မပြောသင့်သော်လဲ သူ၏ကောင်လေးက တကယ်လှသည်~~~

Daddy Kim ~~~Where stories live. Discover now