Case of something

29.2K 1.6K 34
                                    

" မင်းတို့ အိပ်မက် မက်ဖူးလား ''

ခပ်လျော့လျော့မေးလိုက်တဲ့ baekhyun
၏မျက်နှာထားက တည်ငြိမ်နေလျက်။

အစမရှိ အဆုံးမရှိမေးလာသော မေးခွန်းကို
Baekhyun ရှေ့မှလူတစ်အုပ်ကဟားတိုက်ရယ်ကြသည်

Baekhyun သည်မျက်နှာသေဖြင့်သာ
လက်ထဲတုတ်ကို ကြမ်းပြင်နဲ့ထိကပ်ပြန်ခွာခြင်း
အကြိမ်ကြိမ်ပြုနေသည်

လုအုပ်ထဲမှ တစ်ယောက်ကလှမ်းပြောလာသည်

" ဟေ့ကောင်လေး။မင်းကို လျော်ကြေးတောင်းနေတာ
ဗေဒင်တွက်ခိုင်းနေတာမဟုတ်ဘူး''

Baekhyun လက်ထဲကတုတ်ကို ကြမ်းပြင်ပေါ်သို့
ထောက်လိုက်ပြီး အရှေ့ကမေးလာတဲ့လူကို
ိုလှမ်းကြည့်လိုက်သည်။

" မင်းအိပ်မက် မက်ဖူးလား ''

ခုနကထဲက သူတို့ကိုအနည်းငယ်ပင် အဖက်မလုပ်ပါပဲ
ရုပ်တည်နဲ့ထိုအိပ်မက်အကြောင်းသာပြောနေတာမို့
လုအုပ်က နည်းနည်းတင်းမာချင်လာသည်။

ရယ်သံတွေအားလုံးပျောက်ကွယ်သွား၏

Baekhyun မေးလိုက်သူသည်
ဆက်ပြီးသည်းမခံနိုင်တော့တဲ့ပုံစံမျိုးနှင့်
ရင်ကိုမတ်လျက် baekhyun ရှိနေရာကို
လျှောက်လာသည်

တုတ်ကိုညာလက်မှ လျော့တိလျော့ရဲဆွဲကိုင်
မတ်တပ်ရပ်နေသော
Baekhyun နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခါ
ထိုလူကတစ်လုံးခြင်းပြောလေသည်။

"ပါးစပ် ပိတ်ပြီး..
ပါသမျှ အကုန်ထားခဲ့လို့ ''

Baekhyun သည်အေးစက်စွာ ရပ်ကြည့်နေဆဲ။
မည်သည့်ခံစားချက်မှ မရှိသောသူတစ်ယောက်လို

အတုံ့အပြန်ကင်းမဲ့နေမှုကြောင့်
တစ်ဖက်လူတို့၏စိတ်သည်
ပိုပိုတင်းသထပ်တင်းမာလာသည်

" ပါသမျှအကုန်ထုတ်ခဲ့လို့ပြောနေတယ်လေ ''

အသံများကျယ်လောင်လာတဲ့အခါ
Baekhyun လက်ထဲကတုတ်ကိုရှေ့ကိုပစ်ချလိုက်သည်။

သွယ်လျှနေတဲ့လက်တွေက

ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ကိုထုတ်ကာ မီးညှိပြီး
နှုတ်ခမ်း၌တေ့၏

Take the way To Love /Season 2/ (Completed) Where stories live. Discover now