1

21.4K 1K 77
                                    

Zawgyi ver

"သားရေ...သား Taehyung 7:00ထိုးတော့မယ် အခုထိမထသေးဘူးလား။ကျောင်းမသွားတော့ဘူးလား နင့်အစ်ကိုကိုအပေါ်ထပ်လွှတ်လိုက်ရမှာလား
Kim Taehyung ငါပြောတာကြားလား"

Taehyungတစ်ယောက်အမေ့၏high noteသံကြားပြီးနားအူသွားသည်။နင့်အစ်ကိုဆိုသောနောက်ဆက်တွဲကိုကြားလိုက်ရသောအခါ အိပ်ချင်စိတ်များကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။

"နိုးနေပါပြီ အမေရာ အမေ့အသံကိုခံနိုင်တယ် အစ်ကို့လက်သံကိုမခံနိုင်ဘူးဗျ။ရေတစ်ခါတည်းချိုးပြီး ဆင်းလာခဲ့မယ် အစ်ကို့ကိုမလွှတ်နဲ့နော်။

သားကိုမနက်စာအဆင်သင့်ပြင်ပေးထားဦး။အစ်ကို့ကိုပြောလိုက်ဦး သားကိုလိုက်ပို့ပေးပြီးမှရုံးသွားလို့"

Kim Taehyungတို့သူ့အစ်ကိုKim Seokjinကိုအဲ့လောက်ကြောက်ရှာသည်။ကြောက်တာလည်းမပြောနဲ့လေ မထသေးရင်အခန်းထဲလာ ပွစိပွစိလုပ် စောင်တွေလာဆွဲ တစ်ခါတစ်ခါ လွယ်အိတ်ထဲမွေပြီးရည်းစားစာကိုရှာသေးသည် လက်နဲ့လည်းရိုက်သေးသည်။

တစ်ခါတစ်ခါ သူ့အမေ Seokjin hyungကိုကိုယ်ဝန်ရှိတုန်းကလက်ဝှေ့ပွဲကြည့်ခဲ့သလားလို့တွေးယူရသည်။

"အေးဟေ့ ရေသွားချိုးပါတော့ နင့်အစ်ကိုလည်းစောင့်နေတယ် မနက်စာလည်းပြင်ပြီးသား ငါ့yeoboဗိုက်ဆာနေပြီ မြန်မြန်လုပ် နင့်ကိုစောင့်နေကြတာ"

အမေ့အသံကြားမှသာ Taehyungအတွေးများတစ်ခန်းရပ်တော့သည်။ဒါတောင်အမေကြားအောင်

"အမေတို့ကလည်း yeobo yeobo နဲ့ပိုလိုက်တာ အစ်ကိုပြောတော့ အမေက အဖေ့ကို အတင်းစာလိုက်ပေးတာ

chocolateတွေလည်းပေးသေးတယ်ဆို အဖေကလည်းရှက်လို့ဆို ဟုတ်နေတာပဲနော်"

ဟင်းဟင်း Kim Taehyungတို့ကမပိုင်ရင်ခြင်တောင်မရိုက်ဘူး မနိုင်ရင်တောင် သူများကိုဆေးထိုးလိုက်ရမှ နေသာထိုင်သာရှိတယ်လို့ထင်တာကိုး။

ထို့နောက် Kim Seokjin ဟူသော အမေ့၏high noteကြီးထွက်လာပါတော့သည်။

"Kim Taehyung ငါ့ကိုဆေးထိုးတဲ့အကောင် အောက်ဆင်းလာမှတွေ့မယ်။အာ......အမေကလည်း သားသူ့ကိုအဲ့လိုပြောဖူးဘူး

TRUST  ✔Where stories live. Discover now