16

4.7K 465 47
                                    

Zawgyi ver

Jungkook ကျောင်းနားရောက်တော့ အရင်ဆုံးမြင်လိုက်ရတာက ကျောင်းရှေ့မှာ တောင့်တောင့်ကြီးတစ်ယောက်တည်းရပ်နေတဲ့ Taehyung

တစ်နေရာထဲကိုပဲငေးကြောင်ပြီး စိုက်ကြည့်နေတဲ့ပုံ

Taehyung က အမြဲဖျက်လတ်လန်းဆန်းနေတဲ့သူ ဒီလိုမျိုးငေးကြောင်နေတာ သူ့ပုံစံမဟုတ်

Jungkook စိတ်ပူကာ ကားထဲမြှမန်မြန်ထွက်လိုက်ပြီး Taehyungဆီ အပြေးသွားလိုက်သည်။

Taehyungရဲ့ ကြယ်လေးလိုမျက်လုံးတွေက အခုကျဘာအတွေးမှ မရှိသလို

ခံစားချက်မရှိတဲ့ အရုပ်ကိုမြင်နေရသလိုပင်။

ပခုံးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တော့မှ သတိဝင်သွားသလို Jungkookကို ဖျတ်ခနဲမော့ကြည့်သော Taehyung

ထိတ်လန့်သွားသောအရိပ်အယောင်များက တစ်စွန်းတစ်စ

"အာ.........Jungkookကလည်း လန့်သွားတာပဲ နောက်ကျတယ်နော်......ဟွန့်"

တစ်ခဏချင်းပုံမှန်ပြန်ဖြစ်သွားသော Taehyung ကြောင့် ဒီအတိုင်း သူ့ကိုစောင့်နေရင်း ငေးငိုင်နေတာပါလို့ Jungkook အလွယ်တွေးလိုက်သည်။

အရင်တုန်းကလို Taehyungရဲ့ စကားသံတွေဆူညံမနေတဲ့ ကားကြီးကပျင်းရိဖွယ်။

Taehyungဘက်ကို Jungkook လှည့်ကြည့်လိုက်တော့ ကားမှန်အပြင်ဘက်ကိုငေးမောနေသည်လေ။

"Tae မျက်နှာကရွှင်ရွှင်လန်းလန်းမရှိဘူး ဘာဖြစ်နေတာလဲ ကျောင်းမှာတစ်ခုခုဖြစ်ခဲ့လို့လား"

Taehyung ထိတ်လန့်သွားသော်လည်း Jungkook မမြင်အောင်တော့ မျက်နှာကိုဟန်မပြတ်ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။

"မဟုတ်ပါဘူး Jungkook ရယ် ကျွန်တော်နေမကောင်းချင်ဖြစ်နေလို့ပါ"

Jungkook လက်တစ်ဖက်ထဲနဲ့ ကားမောင်းရင်း တစ်ဖက်က Taehyung နဖူးကို လှမ်းကိုင်ကာ ကိုယ်ပူစမ်းလိုက်သည်။

"ကိုယ်တော့မပူဘူး ကိုယ်တွေလက်တွေကိုက်လို့လား ဆေးခန်းသွားမလား ကိုယ်လိုက်ပို့ပေးမယ်"

Taehyung စိတ်ရှုပ်နေတဲ့ကြားက ပြုံးလိုက်ရင်း Jungkook လို ဂရုတစိုက်ရှိတဲ့ချစ်သူကို အပိုင်ရထားလို့ ဂုဏ်ယူမိသေးတာ......

TRUST  ✔Where stories live. Discover now