Puppet
လူတိုင်း လိုအပ်တာ တစ်ခုတော့ရှိကြတယ်
ဒါပေမဲ့...
မရနိုင်တာကိုမှ မျှော်လင့်နေရင်တော့...
တစ်သက်လုံး ဆွေးရင်း သေမှာပဲ...
Jeon Jungkook သည်လည်း ထိုသို့သော လူသား
Kim Taehyung သည်လည်း ထူးမခြားနားပါ
---------------------------------------------------------
Puppet
မနက်ခင်းရဲ့ စူးရှတဲ့ နေရောင်ခြည်ကြောင့်
Jungkook အိပ်ရာနိုးလာလေပြီ.. အခုရောက်နေသည်က King size မွေ့ရာပေါ်..
ညက နေခဲ့တာက ရေချိုးခန်းထဲမှာ.. လားလားမျှ မသက်ဆိုင်.. memory တွေကို ဘယ်လိုမှ recall ပြန်လုပ်လို့မရ... ဒါကြောင့် အိပ်ရာပေါ်မှ ထလိုက်သည်.. အင်္ကျီတွေကို ကြည့်မိတော့ ညက ဝတ်ထားတာနဲ့ အခုဝတ်ထားတာနဲ့ကလည်း လုံးလုံးမတူ.. ထထချင်းမှာပဲအခန်းကို လှည့်ပတ်ကြည့်လိုက်မိသည်....ဒါ.. ဒါ...Hyungရဲ့ အခန်း...
သူမှားဝင်မိတာများလား..မဖြစ်နိုင်ပါ ဒါမှမဟုတ်
hyung က သူ့ကို ခေါ်လာတာများလား
ဘယ်လိုမှ မဖြစ်နိုင်.... Jeon Jungkook.. မင်းရူးသွားပြီ.... ချက်ချင်းပဲအခန်းတံခါးနားသွားပြီး ဖွင့်မယ်လုပ်တော့ အလိုလို ပွင့်လာသည်... ဝင်လာသူက hyung"နိုးပြီလား.. နိုးရင် အလုပ်သွားလုပ်တော့"
"ဟုတ်.. ဒါနဲ့လေ..."
အဝတ်ဗီဒို ထဲကနေ အဝတ်တွေ စိတ်တိုင်းကျ ရွေးချယ်နေတဲ့ hyung ဆီက ပြန်ရလိုက်သည်ကား အလိုမကျမှုရဲ့ သင်္ကေတ အတွန့်ချိုးထားသော မျက်ခုံး မို့လို့ သူလန့်သွားပြီး ငြိမ်ကျသွားသည်.. သို့သော်
"ဘာလဲ... ပြောလေ"
စကားပြန်ရသည်မို့ သူဝမ်းသာသွားသည်...
"ဟိုဟာ... ညက ကျွန်တော်က ရေချိုးခန်းထဲမှာမလား.. အဲ့တာ ဘယ်လိုလုပ်ဒီကို ရောက်လာတ..တာ.."
"ငါခေါ်လာတယ်လို့ ထင်နေတာလား Jeon Jungkook"
"ဗျာ...."
"မင်းအဖျားလွန်ပြီး သေသွားရင် အမှုပတ်မှာဆိုးလို့ ခေါ်လာတာကွ.. ခေါ်ချင်လွန်းလိုတော့ မဟုတ်ဘူး... နိုးပြီမလား.. ထတော့.. အောက်မှာ မင်းအတွက် အလုပ်တွေ တောင်လို ပုံနေတာ.. သွားလုပ်"
YOU ARE READING
Puppet
FanfictionI'm your puppet. ကျွန်တော်က hyung ကြိုးဆွဲရာ ကမဲ့သူ.. KTH×PJM JJK×KTH VMIN TAEKOOK