-1-

3.3K 344 22
                                    

ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ရင်း စိတ်ပျက်ခြင်းတွေက အလုံးအရင်းဝင်ရောက်လာတယ် ။ ကျနော်ဟာ ငယ်ငယ်ကတည်းက ဘာကြောင့်များ မိသားစုဝင်တွေနဲ့ မတူဘဲ ရုပ်ဆိုးနေရတာလဲမသိဘူး ။

မှန်ထဲမှာမြင်နေရတဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေက ကျနော့်မျက်လုံးတွေတဲ့လား ။ မျက်စိအားနည်သူဆိုတော့ ပါဝါမျက်မှန်အထူကြီးက မတပ်မဖြစ် တပ်ထားရသေးတယ် ။ ထူထဲနေတဲ့ နှခမ်းတစ်စုံကလည်း ကျနော့်နှခမ်းတဲ့လား ။ ပါးကြီးတွေကလည်း ဖောင်းကားနေသေးတယ် ။

ရုပ်ဆိုးလိုက်တာKyungsooရယ် ။ အတန်းထဲကသူတွေ စကြတဲ့ '' ဘဲရုပ်ဆိုး '' ဆိုတဲ့အတိုင်း ရုပ်ဆိုးလိုက်တာ ။

ကျနော့်ထက် ၂မိနှစ်ကြီးတဲ့ အစ်ကိုBaekhyunဆိုရင် ချစ်စရာကောင်းတဲ့ ကောင်းလေးတစ်ယောက်လို့ ပြောရမယ် ။ တစ်ခါတလေ သူ့မျက်လုံးပေါ်မှာ လိုက်နာပါးပါး ဆွဲလိုက်ရင် ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြန်ရော ။

Baekhyunနဲ့အမွှာဖြစ်တဲ့ ကျနော်က သူ့လိုမျက်လုံးလှလှလေးတွေ မရှိဘူး ။ မှဲ့နက်လေးပါတဲ့ နှခမ်းပါးလေး မရှိဘူး ။ အမွှာသာပြောတာ ကျနော်တို့နှစ်ယောက်က မိုးနဲ့မြေလို ကွာခြားလွန်းတယ် ။

နှစ်ယောက်သား အပြင်သွားလို့ အမွှာပါဆိုရင် ဘယ်သူမှမယုံကြဘူး ။ Baekhyunက ချစ်စရာကောင်းပြီး ကျနော်က ရုပ်ဆိုးနေတာကိုး ။

'' Kyungsoo ရေ .. ငါဝင်လာပြီနော် ''

အခန်းအပြင်က Baekhyunရဲ့ အသံကြောင့် ချွတ်ထားတဲ့ ခေါင်းစွပ်ကိုပြန်ဝတ်ပြီး ခေါင်းငုံ့ထားလိုက်တယ် ။ မျက်စိရှေ့ရောက်လာတဲ့ အပြာနုရောင် နာမည်ကြီး ဖိနပ်တစ်ရံ ။

'' နေမကောင်းဘူးလား Kyungie ''

Baekhyunရဲ့ လက်ချောင်းတွေက Hoodieအောက်မှာ ဖုံးကွယ်ထားတဲ့ Kyungsooရဲ့ ပါးဖောင်းဖောင်းလေးကို ဖွဖွထိတွေ့လိုက်၏ ။

ခေါင်းခါပြနေတဲ့ လှုပ်ခါသွားမယ့် ဆံပင်လေးတွေအစား hoodieခေါင်းစွပ်ကိုသာ မြင်ရ၏ ။ Kyungsooဘေးနား ဒူးထောက် ထိုင်ချလိုက်တော့ လှုပ်ရှားသွားတဲ့ မျက်ဆံနက်လေး ။

Yes,I'm UglyWhere stories live. Discover now