-3-

1.7K 305 56
                                    

ကျောင်းဝန်းထဲ ဝင်ဝင်ခြင်း Baekhyunက Kyungsooလက်ကို ဆုပ်ကိုင်လာသည် ။ မျက်နှာပေါ်က ခပ်ရေးရေး စွန်းထင်းနေတဲ့ အပြုံးတွေကြောင့်လည်း Kyungsooအနေနဲ့ အားတတ်စေသည် ။

'' ငါသန့်စင်ခန်း ခဏသွားအုံးမယ်နော် ''

Baekhyunက ခြေသုံးလှမ်းစာ လှည့်ထွက်ခဲ့ပြီးမှ နောက်ပြန်လှည့်လာကာ Kyungsooရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည် ။

'' မဖြစ်သေးပါဘူး ။ ငါစိတ်မချပါဘူး ။ လိုက်ခဲ့တော့ ''

'' ခဏလေးပဲကို ။ ငါ .. အဆင်ပြေပါတယ် ''

'' တကယ်လား ''

'' တကယ်ပါဆို ။ သွားတော့ ။ လမ်းမှာ ထိန်းမရ ပြုမရ ဖြစ်နေအုံးမယ် ''

ရယ်ကြဲကြဲ ဆိုလာတဲ့ စကားလုံးတွေမှာ Kyungsoo ပြုံးနေတဲ့ မျက်နှာလေးက တကယ်ကို ချစ်စရာကောင်းပါသည် ။

'' ဘာလဲ ။ ဘာကြည့်တာလဲ ''

'' ငါ့ညီလေး ချစ်စရာကောင်းလို့ ''

Baekhyunက ပြောပြောဆိုဆိုနဲ့ Kyungsooရဲ့ ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွလေးပုတ်ကာ အခန်းထဲက ထွက်သွားလေသည် ။

ထုံစံအတိုင်း လှောင်ရိပ်တွေနဲ့ ကြည့်နေကြတဲ့ အတန်းသား တစ်ချို့ရဲ့ အကြည့်တွေကြားမှာ Kyungsooကိုယ်လေးကျုံ့လာကာ ပါဝါမျက်မှန်အောက်က မျက်နှာဖောင်းဖောင်းကိုလည်း ခေါင်းစွပ်နဲ့လုံအောင် အုပ်ချလိုက်သည် ။

ခေါင်းစွပ်အောက်က မျက်နှာလေးက ပူနွေးနွေးလေး ဖြစ်နေမှာအသေချာ ။

ဆူညံနေတဲ့ အခန်းကြီးကလရုပ်တရက် တိတ်ဆိတ်ကာ အတန်းသူ မိန်းကလေးရဲ့ ကျွတ်စီကျွတ်စီ အော်သံရဲ့ Kim Kaiဆိုသော အသံကြောင့် Kyungsooရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာ ပြူးကျယ်လာသည် ။

'' Kyungsoo hyung .. ကျနော်နဲ့လိုက်ခဲ့ ''

'' မလိုက်ဘူး ။ ငါ့လက်ကိုလွှတ် ''

ပြောသာပြောရတာ အရှေ့မှာ မိုက်ကမ်းကမ်း ပုံစံနဲ့ရပ်နေတဲ့ ကျောင်းလူဆိုးကိုတော့ ကြောက်မိပါရဲ့ ။ လူဆိုးကောင်က မထင်ရင် မထင်သလို ထိုးတတ်သူ မဟုတ်ပါလော ။

'' တကယ် မလိုက်ဘူးလား ''

ပီကေတဖောက်ဖောက်ဝါးရင်း ဘောင်းဘီအိတ်ကပ်ထဲ လက်လျှိုကာ မချိုမချဉ် မျက်နှာပေးနဲ့ မေးနေသည့် လူဆိုးကောင်အား ခေါင်းကိုသွက်သွက် ခါပြသည် ။

You've reached the end of published parts.

⏰ Last updated: Jan 19, 2019 ⏰

Add this story to your Library to get notified about new parts!

Yes,I'm UglyWhere stories live. Discover now