-2-

2.3K 400 42
                                    

'' အဆင်ပြေရဲ့လား ''

'' ငါ .. ငါအဆင်မပြေဘူး ''

ကုတင်ပေါ်ထိုင်နေတဲ့ Kyungsooက သူ့ရှေ့မှာရပ်နေတဲ့ Baekhyunခါးကိုဖက်ကာ တအိအိနဲ့ ။

မနေ့ညကClubမှာ သန့်စင်ခန်းခဏဆိုပြီး ထွက်သွားတဲ့ Kyungsooက ပြန်လာခဲ့တော့ ယိုင်တိုင်တိုင်နဲ့ မျက်ရည်တွေ အရွှဲသား ။ ဘာဖြစ်သလဲဆိုတာလည်း ဘာမှမေးလို့မရ ။ မေးလိုက်တိုင်း ခေါင်းသာခါပြနေတော့ ဘာမှဆက်မမေးဖြစ်တော့ ။

နွမ်းနေတဲ့ မျက်နှာလေးကြောင့် Kyungsooပါးလေးကို ခပ်ဖွဖွနှစ်ချက်ဆင့်ကာ ပုတ်လိုက်ပြီး ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည် ။ အရွယ်တူအရောင်ကွဲ hoodieတွေကသာ ဗီရိုအပြည့် နေရာယူထား၏ ။

လေပူတစ်ချက် မှုတ်ထုတ်ကာ အနက်ရောင်hoodieကို ဆွဲထုတ်လိုက်သည် ။

'' ကျောင်းပိတ်တဲ့တစ်နေ့လောက် ငါတို့အပြင်သွားရအောင် ''

'' မသွားချင်ဘူး ။ အပြင်သွားရင် ငါ့ကိုဝိုင်းလှောင်ကြမှာ ''

'' အင်းပါ ။ မင်းမသွားချင်ရင်လည်း အတင်းမခေါ်ပါဘူး ။ မနက်စာသွားစားရအောင် ။ မေမေက မင်းကြိုက်တတ်တာတွေ လုပ်ထားပေးတယ် ''

အသည်းပုံ နှခမ်းလေးပေါ်လာအောင် ပြုံးလိုက်တဲ့ Kyungsooကြောင့် ညီအစ်ကိုချင်းတောင် ငေးကနဲပဲ ။ Kyungsoo နှခမ်းလေးကို လက်ညှိုးထိပ်နဲ့ ထိမိလိုက်တော့ Kyungsooကလည်း ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေတယ် ။

'' နှခမ်း .. လှတယ် ''

'' အာ ! ဘာတွေလာပြောနေတာလဲ ''

ပါးလေးတွေ နီရဲလို့လေ ။ Kyungsooက ရှက်သွားတာလား ။ ဒါပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပါ ။ သူ့မှာတောင်မရှိတဲ့ ပါးဖောင်းဖောင်းလေးတွေက Kyungsooမှာ ရှိနေတယ် ။

ရဲတက်သွားတဲ့ ပါးဖောင်းဖောင်းလေးနဲ့ Kyungsooဟာ သူ့အမြင်မှာ ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်အဖြစ် သက်ဝင်နေတယ် ပြောရမည် ။

~•~•~•~•~

အပြင်ထွက်လေ့ သိပ်မရှိတဲ့သူက လမ်းထိပ်က Cafeဆိုင်လေးကိုတော့ အမြဲလိုလိုသွားဖြစ်သည် ။ ဆိုင်ရှင်အစ်မနဲ့လည်း ခင်နေတာကြောင့် သူ့အတွက် စိုးရိမ်စရာဆိုတာ ရှိသည်မဟုတ် ။

Yes,I'm UglyWhere stories live. Discover now