လမ်းလွဲသွားတဲ့အချစ်အပိုင်း- ၁ နောက်အိမ်ထောင်

15.9K 544 2
                                    

လမ်းလွဲသွားတဲ့အချစ်

အပိုင်း- ၁ နောက်အိမ်ထောင်

ကြောက်ရွံမှုနဲ့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတဲ့ မင်းရဲ့မျက်လုံးကို ရင်ဆိုင်မိဖို့ ငါ ခေါင်းကို တဖြည်းဖြည်းမေ့လိုက်တယ်။ ဒီလို ဗရုပ်သုတ်ခ အခြေနေမှာ မင်းလိုကောင်မျိုး၊ ငါလိုကောင်မျိုးက ဘာကို ထူးထူးခြားခြားပြောနိုင်တော့မှာတဲ့လဲ...။

ငါ့အဖေက မင်းအမေကို လက်ထပ်ခဲ့တယ်။ အဲ့ဒီလူရဲ့ အရင်အိမ်ထောင်ကပါလာတဲ့ သားကို သဘောမကျဘူးမလား၊ မင်းအမေရဲ့ စိတ်အာရုံအားလုံးကို သိမ်းပိုက်သွားတဲ့လူရဲ့ သားကို မင်းမုန်းတယ်မလား၊ ဒီအဖြေတွေအားလုံးကို မင်းရဲ့မျက်လုံးထဲမှာ ငါတွေ့ပြီးသားပါ။

င့ါအတွက်တော့ အထီးကျန်နေခဲ့တဲ့ ဘ၀တစ်သက်တာလုံး အဖေ့ဆီက တကူးတက အလေးထားပြီး မိတ်ဆက်ပေးခဲ့တဲ့ အခိုက်တန့်လေးကို အံ့သြမိရင်း အမှတ်တရဖြစ်သွားမိတယ်။ ပြီးတော့ ဘာမှမရှိတဲ့ ငါ့ဘ၀ထဲ ညီလေး ဆိုတဲ့ ကောင်လေး တစ်ယောက်ဝင်လာခဲ့တာ ငါ့အတွက် ဆုလာဘ်တစ်ခုပဲပေါ့။ ငါ့အမေဆုံးပြီးကတည်းက ဆွေမျိုးတွေကြားမှာကြီးခဲ့ရပြီး အဖေဆိုတာ အဝေးကနေ ငွေပဲပို့နေတဲ့ လူတစ်ယောက်ထပ် ဘာမှ ပိုမသာခဲ့ဘူး။ တနှစ်နေလို့ တခေါက်တောင် ပြန်လာမတွေ့နိုင်ခဲ့တဲ့ လူက နောက်ဆုံး ငါ့ကို အတူနေဖို့ လာခေါ်ခဲ့တယ်။ ဒါ့အပြင် ငါ့အတွက် ညီလေး တစ်ယောက်ကိုပါ လက်ဆောင်ပေးခဲ့တယ်။ ဆွေမျိုးတွေ ၀ိုင်းနှိမ်ကြသလို ငါက တကောင်ကြွက်မဟုတ်တော့ဘူးပေါ့။ ငါ့မှာ ညီတစ်ယောက်ရှိခဲ့ပြီ။

'သား...သူ အခုကစပြီး မင်းရဲ့ညီလေး ဖြစ်သွားပြီ။ နောင် မင်းတို့ နှစ်ယောက် သင့်သင့်မြတ်မြတ်နေသွားကြ...'

အဖေ ကျွန်တော့်ကို အမိန့်ပေးခဲ့တယ်။ ကျွန်တော် နာခံကြောင်းပြဖို့ ခေါင်းငြိမ့်တယ်ဆိုရုံလေးပဲ ငြိမ့်လိုက်တယ်။ ဒါပေမယ့် အဲ့လူငယ်လေးက ကျွန်တော့်ကို နောက်တခေါက်တောင် ပြန်လှည့်မကြည့်လာခဲ့တော့ဘူး။

တကယ်လို့ ငါသာ မင်းရဲ့ အကိုမဟုတ်ခဲ့ဘူးဆိုရင် မင်းငါ့ကို ကြည့်မယ် မဟုတ်လား?

ကျွန်တော်ရင်ထဲကနေ တိတ်တိတ်လေး မေးနေမိတယ်။ ခုမှတွေ့ကာစ လူငယ်လေးတစ်ယောက်ရဲ့ ဥပက္ခာတရားက ကျွန်တော့်ကို ဒီလောက်နာကျင်စေလိမ့်မယ်လို့ ကျွန်တော် မသိခဲ့ဘူး။

အချစ်တတ်ဆုံး Uke လေး (လမ်းလွဲသွားသည့် အချစ်)Where stories live. Discover now