လမ်းလွဲသွားတဲ့အချစ်အပိုင်း- 14_ ပိတ်ထားတဲ့တံခါးရဲ့ နောက်ကွယ်မှာ

3K 169 3
                                    

လမ်းလွဲသွားတဲ့အချစ်

အပိုင်း- 14_ ပိတ်ထားတဲ့တံခါးရဲ့ နောက်ကွယ်မှာ

မင်းက ထူးဆန်းတယ် သိလား..ညီ

မင်းက အိမ်အပြင်ဘက်မှာ မိန်းကလေးတွေနဲ့ ချိန်းတွေ့ပေမယ့် ဘယ်တော့မှ ငါတို့အိပ်ယာထဲကို ဆွဲသွင်းမလာခဲ့တော့ဘူး။ အဲ့လိုလုပ်မယ့်အစား ငါ့ကို ခါတိုင်းလိုပဲ ချစ်နေတယ်... ငါက အနည်းဆုံးတော့ မင်းအိပ်ယာကို နွေးအောင်လုပ်ပေးနိုင်ခဲ့တယ် မဟုတ်လား...

'ဘာ.... အဲ့ဒါ ခင်ဗျား လိုချင်ခဲ့တဲ့ဟာ မဟုတ်ဘူးလား။ ဒါကြောင့် ပါးစပ်ပိတ်ထားစမ်းပါ။ ကျွန်တော် ဆက်ချစ်ပါရစေ..'

မင်းက အရမ်းကို လွှမ်းမိုးနိုင်သူကြီးပဲ...ဒါပေမယ့် ငါ အဲ့ပုံစံလေးကို အရမ်းချစ်တယ်။

နေ့ခင်းအချိန်မှာ မင်းက အပြင်မှာ အလုပ်လုပ်တယ်။ မိန်းကလေးတွေနဲ့ချိန်းတွေ့တယ်။ ညအချိန်မှာတော့ ငါ့ကို မင်းအိပ်ယာထဲမှာ ချူပ်ထားခဲ့တယ်။

'ညီ.... ငါ ... မင်းကို ချစ်တယ်...'

မင်းရဲ့ နူးညံ့တဲ့ နူတ်ခမ်းတွေနဲ့ ငါ့ကိုနမ်းလာတဲ့အချိန် ကြည်နူးမှုတွေနဲ့ပြည့်တဲ့ မျက်ရည်တွေ ငါ့မျက်လုံးထဲ ၀ဲနေခဲ့တယ်။

မင်းနဲ့အတူ အထွပ်ထိပ်ကို မရောက်ခင်မှာပဲ ငါ မင်းကို တီးတိုးပြောလိုက်မိတယ်။

မင်းက ဘာမှ ပြန်မပြောခဲ့ပေမယ့် ငါ့ကို တင်းတင်းဖက်ပြီး အဲ့ဒီ တညလုံး ဘယ်မှမသွားခိုင်းပဲ ငါအမြဲ တောင့်တနေသလို ငါ့ကို ထပ်ခါ ထပ်ခါ ချစ်နေတော့တယ်...

အချစ်တတ်ဆုံး Uke လေး (လမ်းလွဲသွားသည့် အချစ်)Where stories live. Discover now