လမ်းလွဲသွားတဲ့အချစ်အပိုင်း- 19_ မင်းက ဒီမှာပဲ

3.1K 158 1
                                    

လမ်းလွဲသွားတဲ့အချစ်

အပိုင်း- 19_ မင်းက ဒီမှာပဲ

မိုးတွေ သည်းကြီးမည်းကြီးရွာတဲ့နေ့....

ငါ့အခန်း ပြတင်းတံခါးအပြင်ဘက်မှာ ၀တ်စုံပြည့်ဝတ်ထားပြီး မိုးရေစိုလို ကပ်နေတဲ့ ဆံပင်နဲ့ မွတ်သိပ်တောင့်တ နေတဲ့ မျက်ဝန်းတွေနဲ့ မင်းကို ငါတွေ့ခဲ့တယ်....

ငါ မျှော်လင့်ချက်ရှိသေးလား...? ညီ... မင်းလည်း ငါ့ကိုလွမ်းနေလား?

ငါ မင်းကို အကြာကြီး မစောင့်ခိုင်းရက်ဘူး။ ချက်ချင်းမိုးရေထဲ ပြေးထွက်သွားပြီး ပွေ့ဖက်လိုက်တယ်။ နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီ။

'ဘာလို့ အရမ်းကြာနေတာလဲ' ငါ နူတ်ခမ်းစူရင်း မင်းကို မေးလိုက်တယ်။ မင်း ငါ့နူတ်ခမ်းကို လက်နဲ့ အသာညစ်လိုက်တယ်။ မင်းရဲ့နူတ်ခမ်းဖျားမှာ အပြုံးတစ်စ တွဲခိုလာခဲ့တယ်။

မင်းရဲ့ဆံပင်ကို သပ်တင်ပြီး ' အားလုံးကို ဆုံးဖြတ်ခဲ့ပြီးပြီ'

တိုတိုတုတ်တုတ် မင်းရဲ့အဖြေကို စိတ်ပျက်မိပေမယ့် ဘာပဲဖြစ်ဖြစ် မင်း ငါ့ဆီကိုလာခဲ့ပြီ။

ငါ မျှော်လင့်လို့ရပြီလား?

ညီ... မင်းလည်း ငါ့ကို လိုချင်ရဲ့လား?

မင်းရဲ့ နွမ်းနယ်နေတဲ့ မျက်နှာကို အသေးစိတ်စစ်ဆေးနေတဲ့ အချိန် မင်း ငါ့ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ စူးနင့်နေအောင် စိုက်ကြည့်နေခဲ့တယ်။

မင်းလည်း ငါ့ကိုလွမ်းနေလား?

'ငါ မင်းကို လွမ်းနေခဲ့တာ' မင်းဖြေပြီး ငါအမြဲတမ်းလိုချင်နေခဲ့သလိုပဲ ငါ့ကိုနမ်းခဲ့တယ်....

အချစ်တတ်ဆုံး Uke လေး (လမ်းလွဲသွားသည့် အချစ်)Onde histórias criam vida. Descubra agora