အပိုင်း + 1 +

18.1K 312 1
                                    

မနတ်​'၇'နာရီ နှိုင်းရတု စံအိမ်​၌ အိမ်​ရှင်​များဖြစ်​ကြ​သောဦးနှိုင်း​စေအံ့ နဲ့ ​ဒေါ်ရတု တို့ထမင်းစားခန်းထဲ၌မနတ်​ဆာစား​နေကြချိန်

"​မေကြီး​ရေ သားနဲ့သမီးနဲ့မနိုး​သေးဘူးလား"
"သားက​နိုး​နေပါပြီ​ဖေကြီးရယ်​ရှင့်​သမီးကသာ​နေဖင်​ထိုး​အောင် ​အိပ်​​နေတာ"

(သားသမီးအ​ကြောင်းအတင်းတုတ်​​နေ​သောဖီဖီနဲ့မီမီ)

"ငယ်​​လေးကိုလဲဘယ်​လိုဆုံးမရမှန်းကိုမသိ​တော့ဘူးဟိုဘက်​အိမ်​က တိမ်​လွှာ​လေးနဲ့ကွာပါ့"
.​ဖေကြီးကလဲတိမ်​လွှာ​လေးကအသက်​ ၂၀ ​ကျော်​ပီ​လေ ငယ်​​လေးကအခုမှ ၁၈ နှစ်​ရှိ​သေးတာကို.
.မင်းပဲ​ပြော​တော့..မိဘ​တွေကအငယ်​ဆုံးမို့အလိုလိုက်​ထားတာကို ဆိုးချင်​တိုင်းဆိုး​ပေချင်​တိုင်း​ပေ​နေတာ.

~ဦးနှိုင်း​စေအံ့​ခေါင်းတခါခါဖြင့်​သူ့သမီးအ​ကြောင်းချီးမွန်းခန်းဖွင့်​​နေပါ​တော့သည်​။ဒေါ်ရတုမှာ​တော့​ကော်​ဖီ​သောက်​ရင်းရယ်​ကျဲကျဲနဲ့​ပေါ့။

.​ဖေ​ဖေတို့ကလဲငယ်​​လေးကိုအရမ်းမ​ပြောကြပါနဲ့စိတ်​ပိုညစ်​သွားအုန်း
မယ်​..ပြီး​တော့သူဒီနှစ်​ဆယ်​တန်း​အောင်​မှဖြစ်​မှာ ​တော်​ကြာမ​ဖြေ​တော့ဘူးဆိုမှ​ဖေ​ဖေနဲ့​မေ​မေ​ရင်​ကျိုးရမှာ.

~​ကျောင်းသွားရန်​ပြင်​ဆင်​ရင်းမနတ်​ဆာထမင်းဝိုင်းသို့ဝင်​ထိုင်​သူ ဥာဏ်​ဘုန်းအံ့ တစ်​​ယောက်​၀င်​​ပြော​နေချင်းဖြစ်​သည်​။

.​တွေ့လား​မေကြီးသားကြီးက​ရှေ့ကကန့်​လန့်​ကန့်​လန့်​လုပ်​​နေလို့ ဟိုအငယ်​မဆိုး​နေတာအဲ့တာ.
.ကဲပါ​ဖေကြီးရယ်​ဒီသားနဲ့သမီးကိုနိုင်​တာလဲမဟုတ်​ပဲနဲ့​ပြော​နေ​သေး တယ်​.
.ငါ​တော့မင့်​သမီး နှိုင်းမရ အတွက်​ရင်​​လေးတယ်​.
.ဘားမှမပူပါနဲ့​ဖေကြီးရယ်​ဒီနှစ်​ငယ်​​လေးဆယ်​တန်း​အောင်​ကို​အောင်​မှာ သားအာမခံတယ်​.
.​အေး​ပေါ့ မင်းညီမကိုမင်းနိုင်​ရင်​ပြီးတာပဲအခု​တော့သွားမင်းညီမကို သွားနိုးသူကမင်းနိုးမှထမှာ.
.ဟုတ်​​ဖေ​ဖေ သားအခုပဲသွားနိုးမလို့.

❦ The Law Of Love ❦ [Completed-1]Where stories live. Discover now