လူတွေ ပျားပန်းခတ် သွားလာလှုပ်ရှားနေသော လမ်းပေါ်တွင် ရုတ်ချည်းဆိုသလို ပေါ်လာသော လူတစ်ယောက်။
သူကား ရွှေရောင်ကနုတ်များရေးထားသော နက်ရောင် အက်င်္ျီ ၊ အနက်ရောင် ခါးစီး၊ အနက်ရောင် ဘောင်းဘီ တို့ကို ၀တ်ဆင်ထားသည့်အပြင် အနက်ရောင် ၀တ်ရုံရှည်ကိုပါ ပခုံးထက်လွှမ်းထားသေးသည်။
သူ၏ ရုပ်အဆင်းအင်္ဂါကို ပြောရမည်ဆိုလျှင်လည်း ၀င်းနေသော အသားအရည်၊ နဖူးပေါ် ၀ဲကျနေသော အနက်ရောင်ဆံပင်လှိုင်းများ၊ မထူမပါးသော မျက်ခုံး၊ နက်သော မျက်ဝန်း၊ လုံးသော နှာခေါင်း၊ ဖူးနေသော နှုတ်ခမ်းတို့ဖြင့် အလွန်တင့်တယ်သည်ဟု ဆိုရပေမည်။
ပို၍ထူးခြားသည်ကား သူ၏ ဘယ်ဘက် ခြေကျင်းဝတ်တွင် ၀တ်ထားသည့် ရွှေငွေခြူလုံးလေးများဆင်ထားသည့် ခြေကျင်းလေးတစ်ခုမှအပ သူသည် ခြေဗလာသက်သက် ဖြစ်နေခဲ့သည်။
သို့သော် ထိုသို့ သူရောက်ရှိနေသည့် ဘေးပတ်ဝန်းကျင်နှင့် လားလားမျှမသက်ဆိုင် ကွဲထွက်နေသော သူ့အား ဘေးပတ်ဝန်းကျင်တွင် သွားလာနေသူ မည်သူကမှ သတိထားမိဟန် မရှိ။
သူကလည်း ဘာကို ဂရုစိုက်ဟန်မရှိ..... သူ၏ ၀တ်ရုံအတွင်းအိတ်ကပ်ထဲမှ ရွှေရောင်လက်နေသည့် ချိန်းကြိုးနာရီလေးကို ထုတ်ကာ ကြည့်လိုက်သည်။
"အချိန် ပြည့်ပြီ"
သူ၏ တိုးတိတ်သော ရေရွတ်သံအဆုံးတွင် သွားလာနေသော လူများထံမှ အလန့်တကြား အော်ဟစ် ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
အလန့်တကြား စုရုံးစုရုံးဖြစ်နေသော လူစုရှိရာသို့ သူ့ခြေလှမ်းတို့ကို ဦးတည်လိုက်သည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ညင်သာပေမဲ့ ပြတ်သားစွာ ထွက်ပေါ်လာသည့် ခြူသံလေးကိုတော့ ဤများပြားလှသော လူတွေထဲမှ တစ်ယောက်ကလွဲ ဘယ်သူမှ ကြားရလိမ့်မည် မဟုတ်ပေ။
ထိုခြူသံကို ကြားရသူမိန်းကလေးက သွေးအိုင်ထဲမှ မိမိကိုယ်ကို ငုံ့ကြည့်နေရာမှ ခြူသံပိုင်ရှင် သူ့အား မော့ကြည့်လိုက်တော့ သူက
"ဒီအချိန် ဒီကာလမှာ မင်းရဲ့ ဘ၀ အဆုံးသတ်သွားပြီ..... ဒီဘ၀ ဒီလောကဟာ မင်းနဲ့ မသက်ဆိုင်တော့ဘူး"
"ကျွန်....ကျွန်မ.... သေသွားတာလား....."
"ဟုတ်တယ်...... ခုနကပဲ မင်း တိုက်ပေါ်က ခုန်ချလိုက်တယ်..... အခုမင်းက ၀ိညာဉ်သက်သက်...... မင်းမြင်နေရတာက မင်းရဲ့ ရုပ်အလောင်း....."
သူ့အား ထိတ်လန့်စွာ ကြည့်နေသည့် မိန်းကလေးကို သူ အေးဆေးစွာပင် ဖြေပေးလိုက်သည်။
"သွားကြစို့......"
"ဘယ်ကိုလဲ.....ပြီးတော့ ရှင်က ဘယ်သူလဲ"
"ဘယ်ကိုလဲဆိုတော့ မင်းနဲ့ သက်ဆိုင်တဲ့နေရာ........ ငါ ဘယ်သူလဲဆိုတော့ ငါက......"
"သေဆုံးခြင်း နတ်သား"
♕ ♕ ♕
TBC
YOU ARE READING
Love Lost
FanfictionThey said "A Love So Forbidden". You said "A Love So Beautiful". I said "A Love So Perfect". Oh, Our Love Lost.