ep 18

36.3K 3.1K 47
                                    

ညကကိစ္စတွေကြောင့် စိတ်လူပ်ရှားနေသဖြင့် တော်တော်နဲ့အိပ်မပျော်နိုင်ဖြစ်ကာ မနက်မိုးလင်းကာနီးမှ အိပ်ပျော်သွားလို့ ရှင်းတစ်ယောက် မနက်မထနိုင်တော့။ အရင်တုန်းက အိပ်ချိန်နည်းနည်းသာယူပြီး အလုပ်တွေဆက်တိုက်လုပ်ဖူးသော်လည်း ပင်ပန်းတယ်လို့မခံစားရခဲ့ ။ အခုကျ ဘာမဟုတ်တဲ့အနမ်းလေးတစ်ခုကြောင့် သူ့ကိုတစ်ညလုံး စိတ်ဒုက္ခပေးနှိပ်စက်နေခဲ့သည် ။ ထို့ကြောင့်သူသည် ကျော်မကောင်းကြားမကောင်းလောက်အောင် အချစ်ကြောင့်ဆယ်ကျော်သက်တစ်ဦးလို ရင်ခုန်နေခဲ့ကာ မနက်ဘယ်ချိန်မိုးလင်းသွားမှန်း မသိခဲ့ ။

မနက်ရောက်တော့ ရှင်းကမနိုးသေးဘူးဟုဆိုတာကြောင့် စစ်နေခသည်ပိုင်ပိုင်စီးစီးပင် ရှင်း၏အခန်းကိုသွားလိုက်သည် ။ သူ့ဆီမှာသော့အပိုတစ်ချောင်းရှိတာကြောင့် ရှင်းကအထဲကနေတံခါးပိတ်ထားရင်တောင် သူကအလွယ်တကူဝင်လို့ရနိုင်တယ်လေ ။ အခန်းတံခါးကိုဖွင့်လိုက်တော့ အိပ်မောကျနေဆဲရှင်းကိုတွေ့လိုက်ရသည် ။

စစ်နေခဟာ ရှင်းရဲ့ကုတင်ထက် ဖြေးညင်းစွာတက်လာလိုက်လေသည် ။ အိပ်နေတဲ့ ရှင်းရဲ့ကိုယ်ပေါ်ကိုအုပ်မိုးလိုက်ပြီး သူ့ရဲ့ရှည်လျားဖြောင့်တန်းတဲ့ခြေထောက်နဲ့ ရှင်းရဲ့ခြေထောက်တွေကို သူ့ခန္ဓာကိုယ်အောက် ရောက်သွားအောင် ဆွဲသွင်းလိုက်သည် ။ ထို့နောက် ရှင်း၏နဖူးပြင်ပေါ်ကျနေသော ဆံစကိုသပ်တင်ပြီး နဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ချွေချလိုက်သည် ။

မသိစိတ်၏လှုံ့ဆော်မူကြောင့် ရှင်း ချက်ချင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို အပေါ်စီးကနေတက်ခွထားတဲ့ စစ်နေကိုမြင်လိုက်ရသဖြင့် ပါးစပ်က အမြန်နှုန်းဖြင့် ဆဲဆိုမိသွားသည် ။

"Fuck. ... ခင်ဗျားဒါဘာလုပ်တာလဲ ''

သူစစ်နေခကို တွန်းချရန်ကြံစည်ပေမယ့် စစ်နေခက သူ့လက်နှစ်ဖက်လုံးကိုချုပ်ထားပြီး ကုတင်ခေါင်းရင်းမှာကပ်ထားလိုက်သည် ။

"အချစ်ကလည်းစိတ်ကြီးပဲ ၊ ကိုယ်ကမင်းကို အိပ်ယာလာနိုးတာလေ ၊ ဘာလို့ ဘီလူးသရဲတွေ့သလိုအော်ရတာလဲ''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now